မော်ရင်ဟိုနဲ့ဆက်ဆံရေးကို မေးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာနဲ့ နည်းပြမော်ရင်ဟိုတို့ကြားက ဆက်ဆံရေးဟာ ဆက်လက်ပြိုကွဲနေပြီး ယင်းကိစ္စနဲ့ပတ်သက်ပြီး ပေါ့ဂ်ဘာက မီဒီယာတွေရဲ့မေးမြန်းမှုကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပြီးနောက် နည်းပြမော်ရင်ဟိုနဲ့ ဆက်ဆံရေးကို မေးမြန်းခဲ့တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ပေါ့ဂ်ဘာက စကားလုံး ၄ လုံးတည်းနဲ့ ပုံဖော်သွားခဲ့ပါတယ်။

skysports-paul-pogba-jose-mourinho_4437344.jpg

ပေါ့ဂ်ဘာဟာ မကြာသေးမီကမှ အသင်းရဲ့ဒုတိယအသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ခံခဲ့ရသူဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့တာကြောင့် အပြစ်ပေးခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ၇ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ယင်းပွဲစဉ် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပြီး အရန်ခုံကို အသွား လမ်းမှာ နည်းပြမော်ရင်ဟိုနဲ့ နှုတ်ဆက်ရာမှာ မျက်လုံးချင်းဆုံအောင် မကြည့်ခဲ့တာကို တွေ့ရပါတယ်။ ပေါ့ဂ်ဘာဟာ ယင်းပွဲစဉ်အပြီးမှာ ယခင်ပွဲစဉ်တုန်းကလို ရလဒ်ကို ဝေဖန်ဖို့အခွင့်အရေးကို ငြင်းပယ်သွားပြီး သတင်းထောက်ရဲ့မေးမြန်းမှုကို သာမန်သာ ဖြေကြားသွားခဲ့တာကို တွေ့ရပါတယ်။

 

ပေါ့ဂ်ဘာကို သတင်းထောက်တွေက ပွဲအပြီးအင်တာဗျူးဖြေဆိုတဲ့နေရာမှာ နည်းပြမော်ရင်ဟိုနဲ့ ၎င်းရဲ့ဆက်ဆံရေးအကြောင်း မေးမြန်းခဲ့ချိန်မှာ ပေါ့ဂ်ဘာက "ခင်ဗျား ကျုပ်ကို သေစေချင်နေတာလား"လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် အသင်းနဲ့ပတ်သက်ပြီး တစ်စုံတခု မှတ်ချက်ပေးဖို့ကို တွန့်ဆုတ်နေပြီး အသင်းမှာ ရှိနေနိုင်သမျှအချိန်အထိ ပြဿနာမဖြစ်ချင်တော့တဲ့သဘောဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး အသင်းဟောင်းဂျူဗင်တပ်အသင်းကလည်း ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူလိုတဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာက မကြာသေးမီလများအတွင်းက ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က