ဆက်လက်တိုက်ပွဲဝင်ကြဖို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာဟာ ဗလင်စီယာအသင်းကို ဂိုးမရှိသရေကျခဲ့ပြီး ၄ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးနေဆဲဖြစ်ပေမယ့် အသင်းအနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားရမယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်ကထက် နိုင်လိုစိတ်ပိုမိုမြင့်မားလာပေမယ့် ဂိုးပေါက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

gettyimages-1038051170-e1537899743782.jpg

Photos: Metro

ပေါ့ဂ်ဘာဟာ နည်းပြမော်ရင်ဟိုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်နေခဲ့ပြီး မော်ရင်ဟို နည်းပြရာထူးမှာ ဆက်ရှိနေသည်ဖြစ်စေ၊ ဒါမှမဟုတ် နှုတ်ထွက်သည်ဖြစ်စေ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ ယူဆခြင်းခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာဟာ အနည်းဆုံးတော့ အရင်ကလို လူသိရှင်ကြား ထိပ်တိုက်တွေ့ဆုံမှုမျိုးကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ဗလင်စီယာနဲ့ပွဲစဉ်အပြီးမှာ အသင်းဖော်တွေကို ဆက်လက်တိုက်ပွဲဝင်ကြဖို့ တွစ်တာမှာ စာရေးသားပြီး လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။

"ဆက်ပြီး တိုက်ပွဲဝင်ကြစို့ ယူနိုက်တက်"လို့ ပေါ့ဂ်ဘာက ၎င်းရဲ့ပုံနဲ့တွဲဖက်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့ အိုးထရက်ဖို့ဒ်မှာ နယူးကာဆယ်အသင်းကို လက်ခံယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ယင်းပွဲစဉ်ကို မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Photos: Metro

 

နယူးကာဆယ်အသင်းနဲ့ပွဲစဉ်ကိုသာ အနိုင်မရရှိခဲ့ဘူးဆိုရင် နည်းပြမော်ရင်ဟိုရဲ့ ရာထူးနေရာအတွက် ဖိအားတွေ ပိုမိုများပြားလာစေမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ရဲ့နောက်ထပ် ထုတ်ပယ်ခံရမယ့်နည်းပြစာရင်းထဲမှာ နံပါတ် ၁ အဖြစ် လောင်းကစားဝက်ဘ်ဆိုက်တွေမှာ ရေပန်းစားနေတာဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုဟာ ဗလင်စီယာအသင်းနဲ့ပွဲစဉ်အပြီးမှာ အသင်းရဲ့ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ အဲရစ်ဘိုင်လီနဲ့ ခရစ်စမောလင်းတို့ကို နည်းစနစ်ပိုင်းဆိုင်ရာစွမ်းရည် လုံးဝမရှိကြောင်း ပြစ်တင်ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုဟာ မန်ယူအသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မလိုအပ်တဲ့ နောက်ခံကစားသမား ၂ ဦးကိုတောင် ဘောလုံးစွမ်းရည်ကင်းမဲ့မှုကြောင့် မန်ယူအသင်း တိုက်စစ်ကို စတင်ဖို့ ခက်ခဲစေခဲ့တယ်လို့ ထည့်သွင်းဝေဖန်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က