အသင်းမပြောင်းရွှေ့ဘူးလို့ ပြောကြားခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ လာမယ့်ဇန်နဝါရီလမှာ ချယ်ဆီးအသင်းကနေ ထွက်ခွာဖို့ အစီအစဉ်ရှိ၊ မရှိ သတင်းထောက်ရဲ့မေးမြန်းချက်ကို မပြောင်းဘူးလို့ တုံးတိတိပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ဟာ ငယ်ဘဝအိပ်မက်ဖြစ်တယ်လို့ မကြာသေးမီကမှ ပြောကြားခဲ့တဲ့ကစားသမားဖြစ်ပါတယ်။


1539264540_468010_1539265338_sumario_normal.jpg

Photos: AS

ဘယ်လ်ဂျီယံလက်ရွေးစင်တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်မတိုင်မီမှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး Sky Sport သတင်းထောက်က ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ချယ်ဆီးအသင်းကနေ ထွက်ခွာဖို့ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

အီဟင်ဟာဇက်က သတင်းထောက်ရဲ့မေးခွန်းကို ခပ်ပြတ်ပြတ်ပဲ မပြောင်းဘူးလို့ ပြန်လည်ဖြေကြားခဲ့ပြီး နောက်ပိုင်းမှာ ဟာဇက်က ၎င်းရဲ့ဖြေကြားမှုကို ပြန်လည်ဖြေရှင်းခဲ့ရာမှာ အနာဂတ်နဲ့ပတ်သက်ပြီး ယခင်ကတည်းက ရှည်ရှည်ဝေးဝေးပြောဆိုခဲ့ပြီးဖြစ်ကြောင်းနဲ့ ဇန်နဝါရီလမှာ အသင်းပြောင်းဖို့ လုံးဝမရှိကြောင်း ပြောကြားခဲ့ပါတယ်။

Photos: AS

 

ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အစီအစဉ်ကို လျှို့ဝှက်ထားခြင်းမရှိဘဲ လာမယ့််နွေရာသီမှာ အီဒင်ဟာဇက်ကို အရခေါ်ယူနိုင်ရေးကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲမက်ဒရစ်အသင်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက ရလဒ်တွေဟာ အချက်ပေးခေါင်းလောင်းသံဖြစ်လာခဲ့ပြီး အီဒင်ဟာဇက်ကို တတ်နိုင်သမျှ အမြန်ဆုံးခေါ်ယူမှဖြစ်တော့မှာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က