ပေါင် ၄ ဘီလီယံနဲ့ဝယ်ယူမှာပါ။

ဆော်ဒီအာရေဗျနိုင်ငံရဲ့အုပ်ချုပ်သူ ဆော်လမွန်မိသားစုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို လက်ရှိပိုင်ဆိုင်ထားတဲ့ ဂလေဇာမိသားစုထံကနေ ပြန်လည်ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ဆော်လမွန်မိသားစုရဲ့ပိုင်ဆိုင်မှုဟာ ပေါင် ၈၅၀ ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။



Glazer-brothers-001.jpg

Daily Star ရဲ့ရေးသားချက်အရ အရှေ့အလယ်ပိုင်းက မိသားစုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၄ ဘီလီယံဝန်းကျင် ပေးချေပြီး ဝယ်ယူသွားမယ်လို့ သိရပါတယ်။

ဆော်ဒီအာရေဗျဟာ အနာဂတ်စီးပွားရေးအတွက် ရေနံတစ်ခုတည်းကို အားထားနေရာကနေ နောက်ထပ်စီးပွားရေးတစ်ခုကို ထပ်မံတိုးချဲ့လိုက်တာလို့ သုံးသပ်ရပြီး ပီအက်စ်ဂျီအသင်းကို ပိုင်ဆိုင်ထားတဲ့ ကာတာအုပ်စုနဲ့ ယှဉ်ပြိုင်နိုင်မယ့် နည်းလမ်းလည်းဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆော်ဒီအာရေဗျမိသားစုနဲ့ ယခင်ကတည်းက ဆက်ဆံမှုတွေရှိခဲ့တယ်လို့ Daily Star က ထုတ်ဖော်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ရေရှည်တည်တံ့ပြီး တိုးတက်နေတဲ့ဘောလုံးအားကစားအတွက် ကူညီပေးဖို့ အာရပ်အထွေထွေအားကစားဆိုင်ရာအာဏာပိုင်တွေနဲ့ နားလည်မှုစာချွန်လွှာ သဘောတူညီခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ရေးသားထားတဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးမှာ ပါဝင်နေတဲ့အချက်တွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့စီးပွားရေးနဲ့ အားကစားကျွမ်းကျင်မှုများကို ဆော်ဒီအာရေဗျမှာရှိတဲ့ အားကစားအာဏာပိုင်တွေနဲ့ တစ်ဦးချင်းစီကို ခွဲဝေပေးရမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က