မန်ယူနဲ့ စာချုပ်သစ် မချုပ်ဆိုရသေးတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလျင်စလို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီအခြေအနေမှာ ဒီဂီယာကို ခေါ်ယူဖို့အတွက် ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီက မန်ယူနဲ့ ဒီဂီယာတို့ရဲ့ အနေအထားပေါ်ကို စောင့်ကြည်မှုတွေ ပြုလုပ်နေပါတယ်။



Photo : Daily Mail

 

ရာသီကုန်မှာ မန်ယူနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ် ကစားသမား (၁၁)ယောက်စာရင်းထဲမှာ ဒီဂီယာကလည်း အပါအဝင်ဖြစ်ပါတယ်။ အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ ဒီဂီယာက ဆန္ဒရှိနေပေမယ့် လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေက မပြီးစီးသေးပဲ ရှိနေသေးတာ ဖြစ်ပါတယ်။

မက်ဆီ နဲ့ ရော်နယ်ဒို ပြိုင်ဆိုင်မှုမှာ ကြားနေခဲ့တဲ့ ဂွာဒီယိုလာ 

Photo : The Statesman

 

မန်ယူအသင်းကလည်း ဒီရာသီမှာ ရလာဒ်တွေဆိုးဝါးနေခဲ့ပြီး နည်းပြမော်ရင်ဟို ကိုယ်တိုင် သူ့ရဲ့ ရာထူးအတွက် အာမခံချက်မရှိပဲ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ်ပွဲ (၈)ပွဲကစားပြီးချိန်မှာ မန်ယူဟာ အဆင့် (၈)နေရာမှာ ရပ်တည်နေရပြီး ဝက်စ်ဟမ်း၊ စပါး နဲ့ ဘရိုက်တန်တို့ကို ရှုံးနိမ့်ထားပြီးဖြစ်သလို ကာရာဘောင်းဖလားပြိုင်ပွဲကလည်း ထွက်ခွာခဲ့ရပါတယ်။

Photo : Daily Mail

 

ဒီဂီယာကတော့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုးတက်လာမှုတွေကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ အသင်းရဲ့ အနေအထားက ဆိုးဝါးနေတာကြောင့် ဒီဂီယာအနေနဲ့ အသင်းက ထွက်ခွာဖို့လည်း စဉ်းစားလာနိုင်ပါတယ်။

Photo : Daily Mail

အခြားစပိန်ကစားသမားတွေဖြစ်တဲ့ ဟွမ်မာတာ နဲ့ အန်ဒါဟာရဲရားတို့ရဲ့ မန်ယူကစားသမားဘ၀ အနာဂတ်ကလည်း မရေမရာဖြစ်နေပြီး စပိန်ကလပ်အသင်းတွေက သူတို့နှစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒီရာသီအကုန်မှာ မန်ယူနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့့် ကစားသမားတွေကတော့ ဗလန်စီယာ၊ မာရှယ်၊ လုခ်ရှော၊ ဖီးလ်ဂျုံးစ်၊ စမောလင်း၊ အက်ရှ်လေယန်း၊ ပါရဲရား၊ ဒါမီယန်၊ ဒီဂီယာ၊ မာတာ နဲ့ ဟာရဲရားတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က