ပေါင် (၃)ဘီလီယံနဲ့ မန်ယူကို ဝယ်ဖို့ ကြိုးစားနေတာပါ။

မန်ယူအသင်းကို ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ ဆော်ဒီမင်းသား အကြောင်းကို အားလုံးက စိတ်ဝင်စားလာပါတယ်။ ဆယ်လ်မန်က အရမ်းချမ်းသာကြွယ်ဝတယ်၊ ဆော်ဒီမင်းသားဆိုတာလောက်ပဲ သိရတယ်။ မန်ယူကို ပေါင် (၃)ဘီလီယံအထိ ပေးပြီး ဝယ်ဖို့ကို လက်မတွန့်ဘူးဆိုတော့ တော်တော်လေး ချမ်းသာမယ်ဆိုတာ တွက်ဆပြီးသားပါ။ ဒါပေမယ့် သူ့ပိုင်ဆိုင်မှုအစုစုက ပေါင် ၈၅၀ ဘီလီယံအထိ ရှိတယ်ဆိုတော့ မျက်လုံးတောင်ပြူးချင်သွားတယ်။ ဒီလောက်တောင် ချမ်းသာနေရ သလားပေါ့။ သူက ဘယ်လိုလူလဲ၊ ဘာကြောင့်ဒီလောက်ချမ်းသာနေတာလဲဆိုတာကို လေ့လာကြည့်တော့..။

၁။ ပေါင် ၁ ထရီလီယံ ကြွယ်ဝတဲ့ မိသားစု

Photo : Sportskeeda

 

ခန့်မှန်းမှုတွေအရ ပေါင် ၁ ထရီလီယံအထိ ကြွယ်ဝမယ်လို့ နောက်ထပ်သတင်းတွေကဆိုပါတယ်။ ဒါက ချဲ့ကားတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဟုတ်နိုင်ဖို့ များပါတယ်။ ရေနံကြွယ်ဝတဲ့ နိုင်ငံဖြစ်တာကြောင့် ဒီလောက်ချမ်းသာတယ်ဆိုတာ ယေဘုယျအားဖြင့် တွက်ဆလို့ ရပါတယ်။ ဆော်ဒီဘုရင် ဆယ်လ်မန်ရဲ့ သားလည်း ဖြစ်ပြီး နိုင်ငံအတွင်းမှာ ဒုတိယမြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်လို့လည်း သိရပါတယ်။ ဘုရင့်ရဲ့ သားတော်ဖြစ်နေပေမယ့် လက်ရှိမှာ ဆော်ဒီကို သူပဲ အစစအရာရာ စီမံခန့်ခွဲနေရပါတယ်။ ဘုရင်ကြီးဆယ်လ်မန်က အယ်လ်ဇိုင်းမား ရောဂါဝေဒနာကို ခံစားနေရလို့ပါတဲ့။ လက်ရှိမှာ ဆယ်လ်မန် နဲ့ တစ်ဝမ်းကွဲညီအစ်ကို တော်စပ်တဲ့ မိုဟာမက်ဘင်နာယက်ဖ်တို့က ဆော်ဒီမှာ ပါဝါချင်း ပြိုင်နေတယ်လို့လည်း သိရပါတယ်။

ဆာအဲလက်စ်ဖာဂူဆန် ပြောပြခဲ့တဲ့ ဝိန်းရွန်နီရဲ့ အကြောင်း 

၂။ ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး စံအိမ်ကို ပိုင်ဆိုင်သူ

Photo : domain.com.au

 

ပဲရစ်အနောက်ဘက်စွန်းမှာ သူ ပိုင်ဆိုင်တဲ့ နေအိမ် ရှိပါတယ်။ တန်ကြေးအားဖြင့် ပေါင်သန်း (၂၃၀) တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးမားဆုံး အိမ်တစ်လုံးပါပဲ။ ဧရိယာ ၅၀၀၀၀ စတုရန်းပေရှိတဲ့ ခြံဝန်းကြီးထဲမှာ အိပ်ခန်း (၁၀)ခန်းပါ နေအိမ်ကို တည်ဆောက်ထားတာ ဖြစ်ပြီး နေအိမ်အတွင်းအပြင်မှာ ရေကူးကန်လည်း ပါပါသေးတယ်။ ပြီးတော့ ကျုံးလည်း ရှိပြီး ကျုံးအတွင်းမှာ ရေနေသတ္တဝါတွေကို ထည့်သွင်းမွေးမြူးထားပါသတဲ့။  ဒီနေအိမ်ကို ၂၀၁၅ ခုနှစ်မှာ ရုရှာဗော့ဒ်ကာလုပ်ငန်းပိုင်ရှင် ယူရီရှက်ဖ်လာဆီက ပြန်လည်ဝယ်ယူခဲ့တာဖြစ်ပြီး သတင်းများအရတော့ ပေါင်သန်း (၃၈၀)နဲ့ ဝယ်ယူခဲ့တာလို့လည်း ပြောကြပါတယ်။

၃။ လူ့အခွင့်အရေးမှတ်တမ်းဆိုးများ ရှိသူ

Photo : Sportskeeda

 

ဆော်ဒီမှာတော့ သူက လူ့အခွင့်အရေးသမားတွေကို ဖိနှိပ်သူအဖြစ် ကျော်ကြားနေပါတယ်။ အမြဲတမ်းဝေဖန်ခံနေရသူဖြစ်ပြီး လက်ရှိမှာလည်း ဆော်ဒီနိုင်ငံအတွင်း ပျောက်ဆုံးနေတဲ့ ဂျာနယ်လစ် ဂျမယ်လ်ခါရှိုဂီနဲ့ ပတ်သက်တဲ့ ကိစ္စမှာလည်း သူက ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတဲ့ ကိစ္စတွေကြောင့်လည်း မေးခွန်းထုတ်ခံနေရပါတယ်။ ယီမင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေမှာလည်း တရားမဝင်ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ လူပေါင်းထောင်ချီ သေဆုံးခဲ့တဲ့ ဒီဖြစ်ရပ်တွေမှာ သူက ခေါင်းဆောင်နေရာက ပါဝင်နေတယ်လို့ စွပ်စွဲခံနေရပြီး ဆေးရုံ၊ စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေကို ကြိုးကိုင်သူလို့လည်း စွပ်စွဲနေကြပါတယ်။

၄။ ဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ

Photo : Sportskeeda

 

ဆော်ဒီရဲ့ ဒုတိယအရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ကမ္ဘာ့ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်တွေနဲ့ မကြာခဏဆိုသလို တွေ့ဆုံရလေ့ ရှိပါတယ်။ ကမ္ဘာတဝှမ်းကို မကြာခဏ ခရီးထွက်လေ့ရှိပြီး နာမည်ကျော် ပုဂ္ဂိုလ်တွေနဲ့ သွားရောက်တွေ့ဆုံတတ်သူလည်း ဖြစ်ပါတယ်။ ဒီအတွက် ဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးနေတယ်ဆိုတာက အံ့သြစရာတော့မဟုတ်ပါဘူး။ သူတို့ကို မကြာခဏဆိုသလို အခမ်းအနား၊ ပွဲလမ်းသဘင်တွေမှာတွေ့ရလေ့ရှိပါတယ်။ ရုရှားသမ္မတ ပူတင်နဲ့လည်း ရင်းနှီးတယ်လို့ သတင်းများက ဖော်ပြကြပါတယ်။ ဒီလို အရေးပါ အရာရောက်နေပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အထူးသီးသန့်အခန်းကို ရယူဖို့ ကြိုးစားနေတာက သူ့အတွက်တော့ တခြားသော ဂုဏ်တစ်ခုကို ဝယ်ယူလိုက်တာမျိုးလို့ ဆိုရတော့မလိုပါပဲ။

Share

Loading Next Article...
က္က