အခြားကစားသမားတွေနဲ့ကွာခြားမှုမရှိဘူးလို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် အာရွန်ရမ်ဆေးအနေနဲ့ ယခုရာသီကုန်ထက် ကျော်လွန်ပြီး အသင်းမှာ ဆက်ရှိနေဖွယ်ရှိ၊ မရှိကို အတည်မပြုပေးခဲ့ဘဲ ရမ်ဆေးရဲ့စွမ်းဆောင်ရည်ကြောင့် အသင်းကနေ ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။

Aaron-Ramsey-Unai-Emery-Arsenal.jpg

Photos: Sky Sport



အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် အာရွန်ရမ်ဆေးဟာ နိုင်ငံတကာအားလပ်ရက်အတွင်းမှာ ၎င်းအနေနဲ့ ရာသီကုန်အထိ အာဆင်နယ်အသင်းနဲ့ ဆက်ရှိနေဖို့ အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ပြီး စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုမအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ဇန်နဝါရီလမှာ အခြားအသင်းကို လျှော့ဈေးနဲ့ ပြောင်းရွှေ့မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရမ်ဆေးနဲ့ အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးက ရမ်ဆေးအနေနဲ့ အသင်းနဲ့စာချုပ်သစ်အတွက် သဘောတူညီနိုင်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: The Independent

 

ဒါပေမယ့် နည်းပြအူနိုင်းအမ်မရီကတော့ ရမ်ဆေးရဲ့အနာဂတ်ကို မေးမြန်းရာမှာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး ကစားသမားတွေအားလုံးအပေါ်မှာ ၎င်းရဲ့လိုအင်ဆန္ဒက အတူတူသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အတွက်ကတော့ ဇန်နဝါရီလက ဝေးပါသေးတယ်။ ကျွန်တော် တနင်္လာနေ့ကိုပဲ အရင်ဆုံးတွေးနေပါတယ်။ ကျွန်တော့်ရဲ့ကစားသမားတွေအားလုံးကို စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေဖို့နဲ့ အနိုင်ရရှိဖို့အတွက် အတူတူပြင်ဆင်ကြဖို့ပဲ လိုချင်ပါတယ်"

"ကျွန်တော့်ရဲ့အာရုံစူးစိုက်မှုက ပွဲစဉ်တိုင်းမှာပါ။ အနာဂတ်ဆိုတာ မနက်ဖြန်ပါ။ အဲဒီထက် မပိုပါဘူး။ လာမယ့်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို လိုချင်ပါတယ်။ တစ်ဦးချင်းစီရဲ့အကြောင်းအရာကတော့ ကျွန်တော့်အတွက် အခုပြောရမယ့်ကိစ္စမဟုတ်ပါဘူး"

"ရမ်ဆေးရဲ့စွမ်းဆောင်ရည်ကို အခြားကစားသမားတွေလိုပဲ လိုချင်ပါတယ်။ ပြီးခဲ့တဲ့ပွဲက သူက အရန်ခုံမှာ ထိုင်ခဲ့ရပါတယ်။ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ၂၅ မိနစ် ကစားခဲ့ပါတယ်။ တနင်္လာနေ့မှာလည်း အဲဒီအတိုင်းဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ ပွဲထွက်ကစားသမားစာရင်းမှာ ဒါမှမဟုတ် အရန်ခုံကနေပဲဖြစ်ဖြစ် အခြားကစားသမားတွေလို ကျွန်တော်တို့ကို ကူညီဖို့အတွက် အာရုံစိုက်ဖို့ပဲ။ ဘာမှ ကွာခြားချက်မရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က