ဆာရီဟာ မော်ရင်ဟိုကို တောင်းပန်စကားပြောနေချိန် ညာလက်က ပုခုံးကိုကိုင်ထားပြီး ဘယ်လက်က နှာခေါင်းကို နှိုက်နေခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချယ်လ်ဆီး-မန်ယူပွဲအပြီးမှာတော့ မော်ရင်ဟိုနဲ့ချယ်ဆီးအသင်းတို့အကြား ပြောမဆုံးပေါင်တောသုံးတောင်ဆိုသလို မပြီးနိုင်တဲ့အကြောင်းအရာများစွာကျန်ခဲ့ပါတယ်။ အခုနောက်ဆုံးမှာတော့ မော်ရင်ဟိုရဲ့ကျောကို ဆာရီတစ်ယောက် နှပ်နဲ့သုတ်လိုက်တာလားဆိုတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပြန်ပါတယ်။

NINTCHDBPICT000443199323.jpg

Photo: The Sun

 

ချယ်လ်ဆီး-မန်ယူပွဲမှာ မန်ယူနည်းပြ မော်ရင်ဟိုတစ်ယောက်ပွဲချိန်အတွင်းမှာရော ပွဲအပြီးမှာပါ ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်ရန်စမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးနည်းပြ ဆာရီနဲ့ မန်ယူနည်းပြ မော်ရင်ဟိုတို့အကြား လူကြီးလူကောင်းဆန်ခဲ့ပြီး အပြန်အလှန် တောင်းပန်၊ခွင့်လွှတ်မှုတွေကြောင့် အားလုံးကျေအေးခဲ့ရပါတယ်။ ဒါပေမယ့် ရုပ်သံထုတ်လွှင့်မှုပုံရိပ်တွေအရ ချယ်လ်ဆီးနည်းပြ ဆာရီဟာ မော်ရင်ဟိုရဲ့ကုတ်အကျီၤကို နှပ်နဲ့သုတ်ခဲ့တယ်ဆိုပြီး ပရိသတ်တွေအကြား အငြင်းပွားနေပြန်ပါတယ်။

Photo: The Sun

ကန်တီကို ရီးယဲလ်လုမယူနိုင်ဖို့ ကာကွယ်နေရတဲ့ ချယ်လ်ဆီး 

ပွဲအပြီးမှာ ဆာရီဟာ မော်ရင်ဟိုကို တောင်းပန်စကားပြောနေချိန် ညာလက်က ပုခုံးကိုကိုင်ထားပြီး ဘယ်လက်က နှာခေါင်းကို နှိုက်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မော်ရင်ဟိုလှည့်ထွက်ချိန်မှာ ကျောကို ဘယ်လက်နဲ့လှမ်းကိုင်လိုက်တဲ့အပေါ် ပရိသတ်တွေက နှပ်နဲ့သုတ်လိုက်တာလားဆိုပြီး ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ တစ်ဖက်နဲ့တစ်ဖက်လှောင်ပြောင်ရေးသားနေကြတာပါ။ ဒီပုံရိပ်တွေကိုတော့ The Sun သတင်းဌာနက ဖော်ပြခဲ့တာပါ။

Photo: The Sun

 

ချယ်လ်ဆီးရဲ့နောက်ကျချေပဂိုးသွင်းယူအပြီးမှာ အရန်ခုံတန်းပေါ်က ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အလွန်အကျုးအောင်ပွဲခံခဲ့ကြပြီး ချယ်လ်ဆီးလက်ထောက်နည်းပြ မာကိုအီယန်နီက မော်ရင်ဟိုရဲ့မျက်နှာရှေ့မှာ လက်ကိုလေထဲဝှေ့ပြီး အောင်ပွဲခံခဲ့လို့ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါတယ်။ ပွဲအပြီးမှာလည်း ချယ်လ်ဆီးပရိသတ်တွေက လှောင်ပြောင်ခဲ့တဲ့အတွက် မော်ရင်ဟိုက ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်ဖလားသုံးကြိမ်ရယူပေးနိုင်တာကို ရည်ရွယ်ပြီး လက်သုံးချောင်းထောင်တုံ့ပြန်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က