ပီအက်စ်ဂျီနည်းပြစဖြစ်ကတည်းက ပထမဆုံးစာချုပ်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ အာဆင်နယ်ကျမှသာ အတူလက်တွဲခွင့်ရခဲ့တာပါ။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပြင်သစ်တိုက်စစ်မှူး လာကာဇက်ရဲ့ပရိသတ်တစ်ဦးဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အမ်မရီက လာကာဇက်ကို ပီအက်စ်ဂျီအသင်းနည်းပြဖြစ်စဉ်ကတည်းကခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့လည်း ပြောခဲ့ပါတယ်။

NINTCHDBPICT0004400100891-e1540074477192.jpg 

လာကာဇက်နဲ့အလုပ်တွဲလုပ်ရတာကို ကျေနပ်မိပြီး ၂၀၁၆ကတည်းက အတူတွဲဖို့ ဆန္ဒရှိနေခဲ့တာလို့ အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီက ဝန်ခံပြောကြားခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ ရာသီအစက အမ်မရီဦးစားပေးရွေးချယ်တဲ့တိုက်စစ်မှူး မဟုတ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဦးစားပေးတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ရလာပါတယ်။ လာကာဇက်ဟာ လိုင်ယွန်ကနေ အာဆင်နယ်အသင်းကို ၂၀၁၇၊ဇူလိုင်လက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၄၄သန်းနဲ့ပြောင်းရွှေ့လာသူဖြစ်ပါတယ်။

 

အမ်မရီက က လာကာဇက်ကို သူ ပီအက်စ်ဂျီနည်းပြစဖြစ်ကတည်းက ပထမဆုံးစာချုပ်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ အာဆင်နယ်ကျမှသာ အတူလက်တွဲခွင့်ရခဲ့တာပါ။ “ပြီးခဲ့တဲ့ရာသီက သူ့အတွက် ပရီးမီးယားလိဂ်စွန့်စားခန်းအစပါ။ ဒီအခြေအနေက ကစားသမားတိုင်းအတွက်ခက်ခဲမှာပါ။ အထိုင်ကျဖို့ကြိုးစားခဲ့ရပါတယ်။ အခုတော့ သူ့အတွက်အကောင်းဆုံးအခွင့်အလမ်းတွေကို ဖန်တီးနေနိုင်ပြီးလို့ ကျွန်တော်ခံစားရပါတယ်”လို့ အမ်မရီကပြောပါတယ်။

 

အသက် ၂၇နှစ်အရွယ်တိုက်စစ်မှူး လာကာဇက်ဟာ အာဆင်နယ်အသင်းရဲ့နောက်ဆုံးငါးပွဲဆက် ပုံမှန်ပွဲထွက်ခွင့်ရထားပြီး လေးဂိုးသွင်းယူထားနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်တိုက်စစ်မှာ လာကာဇက်နဲ့ အော်ဘာမီယန်တို့ အတွဲညီညီကစားနေပြီး အသင်းအတွက် ဂိုးတွေရရှိနေပါတယ်။ လာကာဇက်ဟာ အာဆင်နယ်အသင်းအတွက် ပွဲ၄၀ကစားထားပြီး ၁၈ဂိုးသွင်းယူပေးထားနိုင်သလို ပြင်သစ်လက်ရွေးစင်အဖြစ် ၁၆ပွဲကစားဖူးပြီး သုံးဂိုးသွင်းထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က