အသင်းတွင်းမှာ စုံစမ်းစစ်ဆေးနေပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းဟာ ပွဲမတိုင်ခင် ဆိုရှယ် မီဒီယာတွေပေါ်မှာ ပြန့်နှံ့နေခဲ့ပါတယ်။ အခုလို လူစာရင်းပေါက်ကြားခဲ့မှုအပေါ်မှာ မော်ရင်ဟိုက ဒေါသထွက်နေပြီး အသင်းတွင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။

Photo : Daily Mail

 

မော်ရင်ဟိုနဲ့သူ့ရဲ့ အသင်းသားတွေဟာ သောကြာနေ့မှာ Stockport မီးရထားဘူတာရုံကနေ လန်ဒန်ကို ထွက်ခွာခဲ့ကြပြီး Pestana ဟိုတယ်မှာ တည်းခိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေ နဲ့ အဝတ်လဲခန်းတွင်း ဝန်ထမ်းတွေဟာ ပွဲထွက်လူစာရင်းကို ပွဲကစားမယ့် နေ့ကျမှသာ သိခဲ့ရတာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မေဂျာလိဂ်မှာ ရွန်နီကို ရပ်တန့်နိုင်မယ့်သူ မရှိသေးဘူးလား? 

ဒါဟာ မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယအကြိမ်မြောက် ကစားသမားစာရင်း ပေါက်ကြားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်မှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းကို ၃-၁ဂိုးနဲ့ မရှုမလှအရေးနိမ့်သွားခဲ့ပါတယ်။

Photo : Daily Mail

ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် လူစာရင်းပေါက်ကြားမှု ဖြစ်ပွားခဲ့ပေမယ့်လည်း မန်ယူအသင်းအတွက်တော့ ဆိုးဝါးတဲ့ ရလာဒ်နဲ့ ရင်ဆိုင်ခဲ့ရခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ဒီပွဲစဉ်မှာ ဟွမ်မာတာ ပါဝင်ကစားမယ်ဆိုတာကို သိရှိခဲ့ရပြီးနောက် ချယ်လ်ဆီးအတွက် ပြင်ဆင်မှုပြုလုပ်ခွင့် ရရှိသွားခဲ့တယ်လို့လည်း ဒေးလီးမေးလ်က ရေးသားခဲ့ပါတယ်။

Photo : Daily Mail

 

အသင်းဟောင်း ချယ်လ်ဆီးနဲ့ပွဲမှာတော့ မန်ယူအသင်းဟာ အစပိုင်းမှာ ကစားပုံဆိုးဝါးခဲ့ပြီး ရူဒီဂါရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ အန်သိုနီမာရှယ်က မန်ယူအတွက် (၂)ဂိုး သွင်းယူပေးခဲ့လို့ မန်ယူတို့ နိုင်ပွဲရလုနီးပါး ဖြစ်ခဲ့ပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဘာကလေရဲ့ သွင်းဂိုးကြောင့် သရေနဲ့ ကျေနပ်ခဲ့ရပါတယ်။

Photo : Daily Mail

 

မန်ယူကတော့ အင်္ဂါနေ့ညနေမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီတလီကလပ် ဂျူဗင်တပ်စ်အသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်ယူအတွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီး ဂျူဗင်တပ်စ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့အတွက် မန်ယူ၊ ဂျူဗင်တပ်စ် နဲ့ ဗလင်စီယာတို့က ဒီအုပ်စုမှာ အပြိုင်ဖြစ်နေကြတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က