မော်ရင်ဟိုနဲ့ ပြသနာမရှိဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အန်သိုနီမာရှယ်က သူနဲ့ မော်ရင်ဟိုကြား ဆက်ဆံရေးကို ဖွင့်ထုတ်ပြောကြား သွားခဲ့ပါတယ်။ သူနဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုတို့ကြားမှာ ဘယ်လိုပြသနာမှ ရှိမနေဘူးလို့ မာရှယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မာရှယ်ဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်အတွက် သွင်းဂိုး (၂)ဂိုးလုံးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

Photo : 90 min

 

အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ မာရှယ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ပြီးနောက် ချယ်လ်ဆီးနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူး နဲ့ မော်ရင်ဟိုတို့ကြားမှာ ဆက်ဆံရေး ပျက်စီးနေတယ်လို့  သတင်းတွေ ထွက်ခဲ့ပြီး ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ မာရှယ်က အဆိုပါသတင်းတွေကို ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

မေဂျာလိဂ်မှာ ရွန်နီကို ရပ်တန့်နိုင်မယ့်သူ မရှိသေးဘူးလား? 

Photo : 90 min

 

"ဒီကိစ္စကို ပြန်ပြီးတော့ အစပျိုးနိုင်ဖို့ ကျွန်တော်တို့ကြားမှာ တင်းမာခက်ထန်တဲ့ ဆက်ဆံရေး မရှိပါဘူး၊ ကျွန်တော်တို့ကြားမှာ နည်းပြ နဲ့ ကစားသမား ဆက်ဆံရေး ရှိပါတယ်၊ ကျွန်တော်တို့ ဒီအတိုင်း ရှေ့ဆက်သွားပြီး မန်ချက်စတာယူနိုက်တက်အတွက် အကောင်းဆုံး ဖြစ်လာအောင် လုပ်ပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်"

Photo : 90 min

 

"ကျွန်တော်တို့ အကောင်းဆုံး မလုပ်နိုင်သေးပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အလုပ်ကို ကြိုးစားခဲ့ပါတယ်၊ ဒီအတွက် ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော်တို့က အသင်းကောင်းတစ်သင်းဆိုတာကို ပြသနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ စိတ်ပျက်စရာပါ၊ ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ဂိုးပေးခဲ့ရတာ တန်ဖိုးကြီးမားသွားခဲ့ပါတယ်" လို့ မာရှယ်က ပြောခဲ့ပါတယ်။

Photo : 90 min

 

မန်ချက်စတာယူနိုက်တက်အသင်းကတော့ မာရှယ်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကြိုးစားနေပြီး (၅)နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘက်က လက်မခံခဲ့တာကြောင့် ညှိနှိုင်းမှုအဆင်မပြေသေးခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာ အသင်းအတွက် မာရှယ်က ခြေစွမ်းပြဂိုးသွင်းနေတာမို့ ပုံမှန်နေရာရရှီလာဖွယ်ရှိပြီး စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်ပြောင်းလာဖွယ် ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က