လဲသေလိုက်လို့ အော်ဟစ်ခဲ့ကြတာပါ။

ချယ်ဆီးအသင်းရဲ့နည်းပြ မူရီဇီယိုဆာရီဟာ ပြီးခဲ့တဲ့စနေနေ့က စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဆိုးရွားတဲ့အသုံးအနှုန်းနဲ့ အော်ဟစ်ခဲ့ကြတဲ့ ချယ်ဆီးအသင်းရဲ့ပရိသတ်တွေကို ၎င်းတို့ရဲ့နည်းပြဟောင်းအတွက် လေးစားမှုပိုမိုပြသဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ယင်းပွဲစဉ်က ပရိသတ်တွေရဲ့အပြုအမူကြောင့် အခုလိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

sei_35951911-d63a-e1540043978293.jpg 



ချယ်ဆီးအသင်းဟာ ဒုတိယပိုင်းပြီးဆုံးလို့ နာကျင်အချိန်ပိုမှာ ရော့စ်ဘာကလေရဲ့ နောက်ကျချေပဂိုးကြောင့် သရေ ၁ မှတ်ရရှိခဲ့တာဖြစ်ပြီး ဆာရီရဲ့ဒုလက်ထောက်နည်းပြဟာ မော်ရင်ဟိုရဲ့ရှေ့မှာ အလွန်အကျွံအောင်ပွဲခံပြခဲ့တာကြောင့် ဆာရီနဲ့ ဒုလက်ထောက်နည်းပြကိုယ်တိုင် မော်ရင်ဟိုကို ပွဲအပြီးမှာ တောင်းပန်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ချယ်ဆီးပရိသတ်တွေဟာ မော်ရင်ဟိုကို ပွဲစဉ်တစ်လျှောက်လုံး 'သွားသေလိုက်မော်ရင်ဟို'လို့ အော်ဟစ်ခဲ့ကြပြီး မော်ရင်ဟိုက ပွဲအပြီးမှာ ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ရယူပေးခဲ့တယ်ဆိုတာကို လက်ဟန်ခြေဟန်နဲ့ ပြသခဲ့ပါတယ်။ ချယ်ဆီးအသင်း နည်းပြဆာရီဟာ မော်ရင်ဟိုအနေနဲ့ ချယ်ဆီးပရိသတ်တွေဆီက ယခုထက်ပိုမိုနွေးထွေးတဲ့ကြိုဆိုမှုမျိုးနဲ့ ထိုက်တန်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

 

"မော်ရင်ဟို ဒီမှာရှိခဲ့တုန်းက ဆုဖလားတွေ ရရှိခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို ပြီးတော့ အသင်းအတွက် ဆုဖလားရယူပေးခဲ့တဲ့ ဘယ်သူ့ကိုမဆို လေးစားမှုပြသသင့်တယ်လို့ ထင်ပါတယ်"

ဆာရီက ဘာကလေရဲ့နောက်ကျချေပဂိုးသွင်းယူအပြီးမှာ ပြဿနာဖြစ်ပွားအောင် ပြုလုပ်ခဲ့တဲ့ ဒုလက်ထောက်နည်းပြ အီယန်နီကို မော်ရင်ဟိုဆီ ခေါ်ဆောင်သွားပေးပြီး တောင်းပန်ခိုင်းဖို့ တာဝန်ရှိတယ်လို့ လက်ခံခဲ့ပါတယ်။

"ကျွန်တော် ပွဲစဉ်ထဲမှာ ဘာမှ မမြင်လိုက်ရပါဘူး။ ပွဲအပြီးကျမှပဲ ကျွန်တော် ဟိုဆေးနဲ့ စကားပြောခဲ့တယ်။ ဟိုဆေးက ဘာဖြစ်ခဲ့လဲဆိုတာကို ရှင်းပြတယ်။ ချက်ချင်းပဲ ကျွန်တော်တို့ရဲ့အခြေအနေဟာ မှားယွင်းတဲ့လမ်းပေါ်မှာ ရောက်နေခဲ့တယ်ဆိုတာကို နားလည်သွားတယ်။ အဲဒါကြောင့် ကျွန်တော် ဟိုဆေးနဲ့ စကားပြောတယ်။ ငယ်ရွယ်တဲ့နည်းပြအဖွဲ့ဝင်နဲ့လည်း စကားပြောပြီး ဒီပြဿနာကို ချက်ချင်းဖြေရှင်းခဲ့ပါတယ်"q

"ကျွန်တော့် နည်းပြအဖွဲ့ဝင်ကို ဟိုဆေးကို တောင်းပန်စကားပြောဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီပြဿနာပြီးသွားပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ မှားခဲ့တာပါ။ ကျွန်တော်တို့ အမှားပြုလုပ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က