ရွေးချယ်စရာမရှိတဲ့အတွက်ကြောင့်လို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ယမန်နေ့ညက အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဂျူဗင်တပ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တစ်လျှောက်လုံး လူစားလဲလှယ်မှုတစ်ကြိမ်မှ မပြုလုပ်ခဲ့ရတာဟာ အရန်ခုံမှာ ပွဲစဉ်တစ်ခုလုံးကို အပြောင်းအလဲဖြစ်သွားနိုင်အောင် စွမ်းဆောင်နိုင်တဲ့ကစားသမားတစ်ဦးမှ ရွေးချယ်စရာမရှိခဲ့လို့ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

5339178-6309031-image-a-89_1540327944866.jpg

Photos: Daily Mail

ယမန်နေ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းကသာ တစ်ဖက်သတ်ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုုင်း ၁၇ မိနစ်မှာ ဒီဘာလာက ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးပြန်လည်သွင်းယူဖို့အတွက် လူစားလဲလှယ်ပြီး ကစားကွက်အပြောင်းအလဲပြုလုပ်မယ်လို့ အားလုံးက မျှော်လင့်ထားခဲ့ကြပေမယ့် နည်းပြမော်ရင်ဟိုက ပွဲပြီးဆုံးတဲ့အချိန်အထိ ကစားသမား အပြောင်းအလဲလုံးဝမပြုလုပ်ခဲ့တာကြောင့် အံ့အားသင့်ခဲ့ကြပါတယ်။

Photos: Metro

 

အလက်ဆစ်ဆန်းချက်ဇ်၊ လင်ဂတ်တို့ဟာ ဒဏ်ရာကြောင့် ပွဲကြည့်စင်ကနေသာ ကြည့်ရှုခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်အတွက် ရွေးချယ်စရာကစားသမားဆိုလို့ ပထမအသင်းအတွက် တစ်ပွဲမှမကစားပေးရသေးတဲ့ အသက် ၁၈ နှစ်အရွယ် တာဟစ်ချောင်တစ်ဦးတည်းသာ ရှိခဲ့တာဖြစ်ပါတယ်။

"ခင်ဗျား စိတ်ထဲမှာ အလက်ဆစ်ဆန်းချက်ဇ်က ပွဲကြည့်စင်ပေါ်မှာ၊ ဂျက်ဆီလင်ဂတ်ကလည်း ပွဲကြည့်စင်ပေါ်မှာဆိုတာ တွေးနေရမယ်"

''ဖယ်လိုင်နီကလည်း ပွဲကြည့်စင်မှာ ရှိကောင်းရှိနိုင်သလို မရှိတာလည်းဖြစ်ချင်ဖြစ်မယ်။ သူ့အိမ်မှာရှိနေခဲ့တာဖြစ်ပါလိမ့်မယ်။ သူ့ကို ကျွန်တော် မတွေ့ခဲ့ပါဘူး။ အရန်ခုံတန်းမှာ တိုက်စစ်အတွက် တစ်ခုတည်းသောရွေးချယ်စရာဆိုလို့ ငယ်ရွယ်သေးပြီး ပထမအသင်းအတွက် တစ်ခါမှမကစားဖူးတဲ့ အသက် ၁၈ နှစ်အရွယ်ကစားသမားလေးတစ်ယောက်ပဲရှိတယ်"

"ပြီးတော့ ဒီပွဲရဲ့ အပြောင်းအလဲကို ပေးနိုင်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ အဲဒီတော့ သူ့ကို အရန်ခုံမှာပဲ ထားတာက ပိုသင့်လျော်မယ်လို့ တွေးခဲ့ပါတယ်"

"ခင်ဗျားအနေနဲ့ ငယ်ရွယ်သေးတဲ့ကလေးတစ်ယောက် လူစားဝင်လာပြီး သူ့ရဲ့ပွဲဦးထွက်ပွဲမှာ ဂိုးသွင်းတာလိုမျိုး တစ်ခုခုလုပ်ပြနိုင်မယ်လို့ မျှော်မှန်းထားလို့မရဘူးလေ။ အဲဒီတော့ အဲဒါဟာ အခြေခံအားဖြင့် ကွင်းထဲမှာရှိတဲ့ ကစားသမားတွေကို အပြောင်းအလဲမလုပ်ဘဲ ကစားစေခဲ့တဲ့အချက်ပဲ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က