အမျိုးသမီးလိဂ်ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်း နဲ့ ရီးဒင်းအသင်းတို့ ကစားခဲ့တဲ့ အမျိုးသမီး ဘောလုံးပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဒေးဗစ်မက်နာမာရာဟာ ဒိုင်လူကြီးတစ်ဦးအတွက် မဖြစ်မနေ လိုအပ်တဲ့ ဒင်္ဂါးပြားကို မေ့ကျန်ရစ်ခဲ့ပါတယ်။ ဒီအတွက် ပွဲစတင်ဖို့ ကွင်းရွေးတဲ့အခါမှာ အသုံးပြုဖို့ ဒင်္ဂါးပြားမရှိတော့တဲ့နောက် မက်နာမာရာဟာ ကျောက်တုံး၊ စာရွက်၊ ကတ်ကြေးဆိုတဲ့ ဂိမ်းကို ပြုလုပ်ပြီး ရွေးချယ်သွားခဲ့ပါတယ်။

 

ဒီအတွက် ပွဲအပြီးမှာ မက်နာမာရာကို (၃)ပတ်ကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်သွားခဲ့ပါတယ်။ အောက်တိုဘာလ (၂၆)ရက်နေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒေးဗစ်ဟာ သူ့ရဲ့ အဝတ်လဲခန်းအတွင်း ဒင်္ဂါးပြားမေ့ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်တဲ့ပြစ်ဒဏ်ကို ဒေးဗစ်ကလည်း လက်ခံဲ့ပြီး ဒီပွဲစဉ်ကနေ အကျိုးအမြတ်တစ်စုံတစ်ရာ ရယူသွားခြင်းမရှိဘူးလို့လည်း FA က ကြေငြာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အမြဲတမ်းနည်းပြ ဖြစ်လာတဲ့ ဆိုလာရီ 

ဘောလုံးပွဲတစ်ပွဲရဲ့ ဥပဒေချမှတ်ထားမှုအရ ခေါင်းပန်းလှန်ဖို့အတွက် ဒင်္ဂါးပြားဟာ မဖြစ်မနေ လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒင်္ဂါးပြား မရှိတဲ့နောက်မှာ မန်စီးတီးအသင်းရဲ့ ဂိုးသမား စတက်ဟောက်တန် နဲ့ ရီးဒင်းအသင်းခေါင်းဆောင် ကာစတီပီယာစီတို့ဟာ ကျောက်တုံး၊ စာရွက်၊ ကတ်ကြေး ဂိမ်းနဲ့ အဆုံးအဖြတ်ပြုလုပ်ခဲ့ပြီး ပွဲစဉ်ကတော့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။

 

ဒီလိုမျိုး ဒင်္ဂါးမေ့ကျန်ခဲ့မှုအပေါ်မှာ အင်္ဂလန်အမျိုးသမီးဒိုင်လူကြိးများအဖွ့ရဲ့ မန်နေဂျာ ဂျိုအာနာစတင်ပ်ဆန်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ "သူ့အနေနဲ့ ကြိုတင်ပြင်ဆင်ခဲ့သင့်ပါတယ်၊ ဒင်္ဂါးပြား ပါမပါကို သေချာစစ်ဆေးခဲ့ရမှာဖြစ်ပြီး အခုလိုဖြစ်ခဲ့တာက စိတ်ပျက်စရာပါပဲ၊ ပြီးတော့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူပါ" လို့ ပြောသွားခဲ့ပါတယ်။

မက်နာမာရာကတော့ ပွဲပယ်ပြစ်ဒဏ်ကို နိုဝင်ဘာလ (၂၆) ရက်နေ့ကနေ ဒီဇင်ဘာလ (၁၆)ရက်နေ့အထိ ကျခံရမှာ ဖြစ်ပါတယ်။ ပွဲကို စတင်ကျင်းပဖို့အတွက် ပြုမူခဲ့တဲ့ မက်နာမာရာရဲ့ ဆုံးဖြတ်ချက်ကလည်း ငိုအားထက် ရယ်အားသန်သလို ဖြစ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က