ပွဲထွက်ခွင့်မရရှိတာကြောင့် အသင်းပြောင်းဖို့ဆန္ဒရှိနေသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲထွက်ခွင့်ပုံမှန်မရရှိတာကြောင့် စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာနိုင်တယ်လို့ ပြောကြားခဲ့တဲ့ ဝါရင့်နောက်ခံကစားသမား ဂယ်ရီကာဟေးလ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်းကို ဆာရီ စတင်ကိုင်တွယ်တဲ့ ယခုရာသီအစကတည်းက ကာဟေးလ်ဟာ ၆ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားတဲ့ ကစားသမားဖြစ်ပါတယ်။

gettyimages-1060015374-ca99.jpg

Photos: Metro



အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂယ်ရီကာဟေးလ်ဟာ နည်းပြ ဆာရီရဲ့ နှစ်သက်ခြင်းကို မခံရတဲ့ကစားသမားဖြစ်ပြီး ဗဟိုခံစစ်နေရာအတွက် ဆာရီက ဒေးဗစ်လုဇ်နဲ့ ရူဒီဂါတို့အတွဲကိုသာ ပိုမိုသဘောကျနေတာဖြစ်ပါတယ်။ ဂယ်ရီကာဟေးလ်ဟာ ယခုရာသီကုန်မှာ ချယ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့လည်း သဘောတူညီမှုမရရှိခဲ့သူဖြစ်ပါတယ်။

Daily Express ရဲ့ရေးသားချက်အရ ဂယ်ရီကာဟေးလ်ကို ချယ်ဆီးအသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်စုံတရာ ရရှိခဲ့မယ်ဆိုရင် ရောင်းချသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ဂယ်ရီကာဟေးလ်ကို အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့ အဆင်သင့်ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

Photos: Metro

 

ဂယ်ရီကာဟေးလ်ဟာ ချယ်ဆီးအသင်းကို နည်းပြမော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်ဖလားကို အတူတူကိုင်မြှောက်ခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြမော်ရင်ဟိုက ပြီးခဲ့တဲ့နွေရာသီကတည်းက ခံစစ်ကို ပိုမိုတောင့်တင်းအောင် ပြုလုပ်ချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအပြင် ဂယ်ရီကာဟေးလ်ကို ဆောက်သမ်တန်၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ၊ ရှက်ဖီးလ်ဝမ့်စ်န်ဒေးအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ချယ်ဆီးအသင်းမှာ ၈ ရာသီကြာကစားခဲ့တဲ့ ဂယ်ရီကာဟေးလ်အနေနဲ့ ယင်းအသင်းတွေထက် ဆရာဟောင်းမော်ရင်ဟိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပိုမိုပြောင်းရွှေ့ဖွယ်ရှိနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က