အသင်းက ထွက်ခဲ့ရတာ ပီရက်ဇ်ကြောင့်လို့ ပြောလိုက်တာပါ။

ရီးရဲလ်မှာ (၉)နှစ်ကြာ ကစားခဲ့အပြီး ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူးရော်နယ်ဒိုက ရီးရဲလ်အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်ကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ရီးရဲလ်က ထွက်ခွာပြီးနောက်ပိုင်း ပီရက်ဇ်နဲ့ ပတ်သက်ပြီး ရော်နယ်ဒိုရဲ့ ပထမဆုံး ပြောကြားခဲ့တဲ့ ပြောစကားတွေလည်း ဖြစ်ပါတယ်။



Photo : AS

 

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကို တစ်နှစ်လုပ်ခ ယူရို ၅၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဒီလို ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းဟာ ပီရက်ဇ်ကြောင့် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုက ပြောကြား ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ငွေကြေးကြောင့် အသင်းပြောင်းရွှေ့ခဲ့တာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဇီဒန်း ထွက်ခွာခဲ့လို့ သူပါ ထွက်ခဲ့တာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။

ရီးရဲလ်နည်းပြရာထူးက ထုတ်ပယ်ခံလိုက်ရပြီဖြစ်တဲ့ လော့ပ်တယ်ဂီ 

Photo : AS

"ကလပ်အတွင်းမှာ၊ အထူးသဖြင့် ဥက္ကဌနဲ့ပတ်သက်တဲ့ အနေအထားမှာ ကျွန်တော်တို့ရဲ့ တွေးခေါ်မှုတွေက မတူညီခဲ့ကြပါဘူး၊ ပထမလေးငါးနှစ်ကာလမှာ အားလုံးက အဆင်ပြေခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ အသင်းမှာ နေရတာ ကျွန်တော့်အတွက် ခံစားမှု ပျောက်ဆုံးလာခဲ့ ပါတယ်၊ ပီရက်ဇ်ရဲ့ မျက်လုံးအတွင်းမှာ ကျွန်တော့်ကို အသင်းမှာ ရေရှည်ဆက်မနေစေချင်တဲ့ အရိပ်အယောင်တွေ တွေ့ခဲ့ရပါတယ်"

Photo : AS

 

"တခါတလေမှာ ကျွန်တော် သတင်းတွေ စောင့်ကြည့်ဖြစ်ပြီး သူတို့က ကျွန်တော် အသင်းက ထွက်ချင်တယ်လို့ပြောခဲ့ကြတပါတယ်၊ ဒါက ပြောရတာ နည်းနည်းတော့ ခက်ပါတယ်၊ ဒါပေမယ့် ဒါက မှန်ကန်ပါတယ်၊ ပီရက်ဇ်ကို ကျွန်တော် အထင်မကြီးတော့ဘူး၊ ဒါကြောင့် ကျွန်တော့်ရဲ့ ကစားသမားဘဝကို တခြားနေရာမှာ ဆက်လက်သွားဖို့ ဆုံးဖြတ်ခဲ့တာပေါ့၊ တခြားကလပ်အသင်းတွေက ကမ်းလှမ်းမှုတွေကို ကျွန်တော် နားစွင့်ခဲ့တယ်"

"ကျွန်တော် ပြောင်းရွှေ့ခဲ့တာ ငွေကြေးနဲ့ ဘာမှမဆိုင်ပါဘူး၊ တကယ်လို့ ပိုက်ဆံသာ ကျွန်တော် လိုချင်တယ်ဆိုရင် တရုတ်ကို သွားလို့ရသလို ရီးရဲလ်မှာ ဆက်နေလို့ ရတာပဲ၊ ဂျူဗင်တပ်စ်ကို ကျွန်တော် ငွေကြေးကြောင့် ပြောင်းခဲ့တာ မဟုတ်ပါဘူး၊ ဂျူဗီမှာ ရတဲ့ပိုက်ဆံက ရီးမှာ ရတဲ့ ပိုက်ဆံနဲ့ အတူတူပါပဲ၊ ဘာမှမကွာပါဘူး၊ ကွာခြားခဲ့တာကတော့ ဂျူဗီက ကျွန်တော့်ကို အမှန်တကယ် အလိုရှိနေခဲ့ပြီး သူတို့တကယ် ခေါ်ယူချင်တယ်ဆိုတာ ကျွန်တော့်ကို ပြောခဲ့လို့ပါပဲ" လို့ ရော်နယ်ဒိုက ရီးရဲလ်က သူ ထွက်ခွာခဲ့ရတဲ့အကြောင်းကို ရှင်းပြသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က