ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က နည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရသူပါ။

ကလော်ဒီယိုရာနီရေးနီဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေတဲ့ ဖူလ်ဟမ်အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် ခံံစစ်ပိုင်းကို တိုးတက်အောင် ပြုလုပ်ဖို့က အဓိကဦးစားပေးရမယ့်ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရာနီရေးနီကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဂျိုကာနိုဗစ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် ဖူလ်ဟမ်အသင်းဥက္ကဌ ရှာဟစ်ခန်းက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ead0e-15423642639656-800.jpg

Photos: Sportskeeda

 

ရာနီရေးနီဟာ ဖူလ်ဟမ်အသင်း ၆ ပွဲဆက်တိုက် ရှုံးပွဲတွေ့ကြုံခဲ့ပြီးနောက် နည်းပြဖို့ ရောက်ရှိခဲ့သူဖြစ်ပြီး ဖူလ်ဟမ်အသင်းဟာ ဘန်လေအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး တိုက်စစ်အစွမ်းကို ပြသနိုင်ခဲ့ပေမယ့် နောက်တန်းမှာ အားနည်းချက်တွေများစွာ ရှိနေတာဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ရာနီရေးနီဟာ လက်စတာစီးတီးအသင်းနဲ့အတူ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ အကြီးမားဆုံးအောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်ဖလားကို အံ့အားသင့်ဖွယ်ရယူနိုင်ခဲ့ပြီး ရာနီရေးနီက ယိုယွင်းနေတဲ့နောက်တန်းကို ပြင်ဆင်မှသာ ၎င်းရဲ့လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

Photos: Fox Sport Asia

 

"ခရေဗင်ကော့တော့ဂျ်က အံ့အားသင့်စရာပါပဲ။ ကျွန်တော်ဒီကို ပထမဆုံးရောက်လာတဲ့အချိန်မှာ တွေးခဲ့မိတာက 'ဝိုး... ဒါကိုယ်တိုင်က ပုံပြင်ဇာတ်လမ်းတစ်ခုပဲ'လို့ပါ"

"မကြာခဏ ကျွန်တော် ဖူလ်ဟမ်ကို လာရောက်ပြီး ဘောလုံးပွဲတွေ ကြည့်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ဘောလုံးကို ချစ်တဲ့စိတ်ကြောင့်ပါ။ ကျွန်တော် ဒီကို ဖူလ်ဟမ်အသင်းရဲ့ပရီးမီးယားလိဂ်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်တုန်းက လာခဲ့ပါတယ်"

"ဖူလ်ဟမ်အသင်းဟာ အရမ်းကောင်းမွန်တဲ့ဘောလုံးကစားပုံမျိုး ပြသခဲ့ပြီး သူတို့ ၂ ဂိုးခွင့်ပြုပေးလိုက်ရတာ မယုံနိုင်စရာပါပဲ။ ဒီရာသီမှာ ဖူလ်ဟမ်အသင်းဟာ မကြာခဏ ဂိုးတွေအများကြီး ခွင့်ပြုခဲ့ရပါတယ်"

"အီတလီနည်းပြတစ်ယောက်အနေနဲ့ ခံစစ်ကစားနည်းဟာ အသင်းအတွက် အကောင်းဆုံးနည်းပါပဲ။ ခံစစ်ပိုင်းကို ဘယ်လိုတောင့်တင်းအောင် လုပ်ရမယ်ဆိုတဲ့ အမြင်ရှိဖို့က အရေးကြီးပါတယ်။ ခံစစ်ကစားသမားတွေချည်းပဲ၊ ဂိုးသမားချည်းပဲ မဟုတ်ပါဘူး။ ခင်ဗျား တိုက်စစ်ဆင်တဲ့အချိန်မှာ ၁၁ ယောက်နဲ့ တိုက်စစ်ဆင်ရတယ်။ ခံစစ်ကစားတဲ့အချိန်ကျရင်လည်း ၁၁ ယောက်နဲ့ ကာကွယ်ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က