မန်ယူမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆရာဟောင်းအပေါ် သုံးသပ်သွားတာပါ။

ချဲလ်ဆီးအသင်းမှာ ၂၀၀၄ ကနေ စတင်လက်တွဲခဲ့ကြသူတွေဖြစ်ပြီး နှစ်ဦးသား အတူတကွ ပရီးမီယားလိဂ်၊ အက်ဖ်အေနဲ့ လိဂ်ဖလားတွေကို ၃ ကြိမ်စီ ဆွတ်ခူးထားကြ သူတွေ ဖြစ်ပါတယ်။

Photo - The Scottish Sunc

 

ဒီကနေ့မှာပဲ ဘောလုံးကစားခြင်းကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ အာဖရိက ဘုရင်ကြီး ဒီဒီယာ ဒရော့ဘာကတော့ သူ့ရဲ့ ဆရာဟောင်းဖြစ်တဲ့ နည်းပြမော်ရင်ဟိုအပေါ် ဝေဖန်သုံးသပ်မှု အချို့ ပြုလုပ်ခဲ့ပါတယ်။

အာဖရိက ဘုရင်ကြီး အနားယူသွားပြီ 

မန်ယူအသင်းမှာ ဖိအားများစွာနဲ့ ရင်ဆိုင်နေရတဲ့ ဆရာဟောင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိအထိရရှိနိုင်တဲ့ အခွင့်အရေး ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

Photo - Goal.com

 

ဒါပေမယ့် ဒီအခွင့်အရေးကို မန်ယူအသင်းနဲ့တော့ ရနိုင်မှာ မဟုတ်ပဲ မန်စီးတီးအသင်းနဲ့သာ လက်တွဲဖြစ်မယ်ဆိုပါက သေချာပေါက်ရနိုင်မယ်လို့ ပြောသွားပါတယ်။

နောက်ထပ်တစ်ခုကလည်း မန်စီးတီးနဲ့သာ မော်ရင်ဟို ပူးပေါင်းမယ်ဆိုရင် အခုလက်ရှိ မန်စီးတီး နည်းပြ ဂွါဒီယိုလာထက်တောင် ပိုပြီး ဆုဖလား တွေပိုင်ဆိုင်နိုင်သေးတယ်လို့လည်း ဒရော့ဘာက ဆိုပါတယ်။

 

"ကျွန်တော်ထင်ပါတယ် ၊ မော်ရင်ဟိုကိုသာ မန်စီးတီးနဲ့ တွဲမြင်ရမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ၂ကြိမ်ဆက် ၊ ဒါမှမဟုတ် ၃ ကြိမ်လောက် တော့ ကိုင်မြှောက်နေလောက်ပါပြီ။အနိုင်ရလဒ်တွေ ရယူပေးပြီးမှ မနိုင်တော့ရင် လူတိုင်းက ဝေဖန်ကြမှာပါပဲ။သူကအခု မန်ယူနည်းပြအဖြစ် ရှိ နေပါသေတယ်။ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်က မန်ယူနည်းပြတွေကို မင်းမြင်နိုင်ပါလိမ့်မယ်။သူတို့ မလွယ်ကူကြပါဘူး။ ပရိသတ်က အကောင်းဆုံး ဂရုပြုခြင်းကို ပြသခဲ့ပါတယ်။သူက အကောင်းဆုံးထဲက တစ်ယောက်ပါ။" လို့ ဒရော့ဘာက သုံးသပ်ပြောသွားပါတယ်။

မော်ရင်ဟိုက ဒရော့ဘာကို ၂၀၀၄ ခုနှစ်က အင်္ဂလန်ကို ချဲလ်ဆီးအသင်းနဲ့အတူ ခေါ်ဆောင်လာခဲ့သူ ဖြစ်ပြီး နှစ်ယောက်သား ပရီးမီးယားလိဂ် ဆုဖလား ၃ ကြိမ် အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကိုလည်း ၃ ကြိမ်စီရရှိအောင်စွမ်းဆောင်ခဲ့ကြသူတွေပါ။

အခုလက်ရှိ မော်ရင်ဟို ကိုင်တွယ်နေတဲ့ မန်ယူအသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ၂၈ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစနဲ့ ကြုံတွေ့ နေရပါတယ်။

အဆင့် ၁ က အသင်းထက် ၁၂  မှတ်နောက်ကျပြီး အဆင့် ၈ မှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ နည်းပြ မော်ရင်ဟိုအနေနဲ့ အသင်းကို အကောင်းဆုံ းပြန်လည် ဦးမော့အောင်ဆောင်ရွက်နိုင်ပြီး အောင်မြင်နိုင်မယ်လို့ တပည့်ဟောင်း ဒရော့ဘာက ယုံကြည်နေတာပါ။

Share

Loading Next Article...
က္က