ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကျင်လည်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်နဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၄ ကြိမ် ၊ အက်ဖ်အေဖလား ၄ ကြိမ် ၊ လိဂ်ဖလား ၃ ကြိမ်အပါအဝင် ချန်ပီယံလိဂ် ဆုဖလား တစ်ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo - hitc.com

 

ချဲလ်ဆီးအသင်းနဲ့အတူ တွဲမြင်နိုင်မယ့် အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒရော့ဘာကတော့ အသက် ၄၀ အရွယ်မှာ ဘောလုံးကစားခြင်း ကနေ အပြီး တိုင်အနားယူသွားခဲ့ပါပြီ။

ကြာသပတေးနေ့ နံနက်ပိုင်း နောက်ဆုံးရ အားကစားသတင်းတိုများ 

ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကျင်လည်ခဲ့ပြီး အဓိက ပါဝင်ပတ်သက်ခဲ့တဲ့ အသင်းကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးအသင်းမှာ ဖြစ်ပါတယ်။

Photo - Mail & Guardian

 

ချဲလ်ဆီးအသင်းမှာ ပြိုင်ပွဲစုံ ၃၈၁ ပွဲကစားခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၆၄ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဒရော့ဘာအနေနဲ့ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလား ၄ ကြိမ်အပါအဝင် ၂၀၁၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဆုဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘောလုံးသမားဘဝရဲ့ နောက်ဆုံး ၁၈လအချိန်ကိုတော့ အမေရိကန်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ Phoenix Rising အသင်းမှာ ကစားခဲ့ပြီး ဒီ အသင်းမှာ ရှယ်ယာ ပါဝင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo - Goal.com

 

"နှစ်ပေါင်း ၂၀ ဘောလုံးလောကမှာ ကျွန်တော်ကျင်လည်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ အနားယူသင့်ပြီထင်လို့ ကျွန်တော ်အနားယူခဲ့တာပါ။ ဒါက လူငယ်တွေကို ပိုမို တိုးတက်စေဖို့ ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ "လို့ ဒရော့ဘာက ဆိုပါတယ်။

ဒရော့ဘာအနေနဲ့ အသက် ၂၃ နှစ်အရွယ်ထိ အသင်းကြီးတစ်သင်းမှ မကစားခဲ့ဖူးပဲ ၂၀၀၂ ခုနှစ်မှာ ပြင်သစ်ကလပ် လိဂ် ၂ အသင်းထံကနေ Guingamp အသင်းက ခေါ်ယူစာချုပ်ချုပ်ခဲ့ပါတယ်။

Photo - Naija News

 

အဲ့နောက် ၁၈ လအကြာမှာပဲ ပြင်သစ် ထိပ်တန်းကလပ် မာဆေးလ်အသင်းကို ဆက်လက်ပြောင်းရွှေ့သွားခဲ့ပြီး တစ်နှစ်အကြာမှာပဲ ဒရော့ဘာလို့ ကမ္ဘာက သိလာစေမယ့် ချဲလ်ဆီးအသင်းကို ပေါင် ၂၄ သန်းနဲ့ ရောက်ခဲ့ပါတော့တယ်။

ချဲလ်ဆီးအသင်းမှာ ပထမ ၈ နှစ်ကစားစဉ် ပရီးမီးယားလိဂ် ဆုဖလား ၃လုံး ၊ FA ဖလား ၄ လုံးနဲ့ လိဂ်ဖလာ း၂ လုံးတို့ကို ဆွတ်ခူးခဲ့ပါတယ်။ တစ် ဦးချင်း ဆုတံဆိပ်တွေအဖြစ် ၂၀၀၆-၀၇ နဲ့ ၂၀၀၉-၁၀ တို့မှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုဖြစ်တ့ ရွှေဖိနပ်ဆုကို ရယူနိုင် ခဲ့ပါတယ်။

Photo - Ghana Sports Fans

 

အဲ့နောက် ချဲလ်ဆီးအသင်းကနေ ထွက်ခွာလာခဲ့ပြီး တရုတ်ကလပ် ရှန်ဟိုင်းအသင်းမှာ ၆ လ တူရကီကလပ် ဂါလာတာစာရေးအသင်းမှာ တစ်နှစ်ခွဲ ကစားခဲ့အပြီးမှာတော့ အသင်းဟောင်း ချဲလ်ဆီးကို ပြန်ရောက်လာပြန်ပါတယ်။

၂၀၁၄-၁၅ ခုနှစ်မှာ ပြန်ရောက်လာတဲ့ ဒရော့ဘာက အသင်းအတွက် ၇ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဆုကို အဲ့နှစ်မှာပဲ ထပ်ရပြန်ပါတယ်။

Photo - The Spokesman-Review

 

တစ်ဆက်တည်းမှာပဲ ၃ ကြိမ်မြောက် လိဂ်ဖလားနဲ့အတူ ကလပ်အသင်းရဲ့ တစ်သက်တာ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလည်း အဆင့် ၄ နေရာထိ တက်လှမ်းခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ မေဂျာလိဂ်ကလပ် မွန်တီရီရယ်အသင်းနဲ့ ပူးပေါင်းခဲ့ပြီး Phoenix Rising အသင်းကိုလည်း ရှယ်ယာဝယ်ယူထားနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း နိုင်ငံအသင်းဖြစ်တဲ့ အိုင်ဗရီကို့စ်အသင်းအတွက် ၁၀၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အာဖရိကရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က