ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ချယ်လ်ဆီးရဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အရေးနိမ့်ခဲ့ရပြီး ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကန်တေ နဲ့ ဒေးဗစ်လုဇ်တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီးနောက် မန်စီးတီးဟာ ချေပဂိုးတောင် ပြန်မရခဲ့ပဲ အမှတ်ဗလာ၊ သွင်းဂိုးသုညနဲ့ လန်ဒန်ကနေ ပြန်လာခဲ့ရပါတယ်။

Photo : Goal.com

 

ဒီရှုံးပွဲကြောင့် မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ လာပေါ့တ်အတွက် ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။ အသက် (၂၄)နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီအပြောင်းအရွှေ့ကလာက ဘီဘာအိုအသင်းကနေ ပေါင်၅၇ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ လာပေါ့တ်က အသင်းအတွက် (၉)ပွဲ ပါဝင်ကစားပေးခဲ့ပြီး ရှုံးပွဲမရှိထားဘူးလို့ Goal.com က ဖော်ပြပါတယ်။

ချယ်လ်ဆီးရဲ့ နိုင်ပွဲကြောင့် စံချိန်ပျက်ခဲ့တဲ့ မန်စီးတီးနဲ့ ဇယားထိပ်ရောက်သွားတဲ့ လီဗာပူးလ် 

ဒီရာသီမှာလည်း အသင်းအတွက် (၁၅)ပွဲအထိ ပါဝင်ကစားပေးထားတဲ့ လာပေါ့တ်ဟာ ရှုံးပွဲမတွေ့သေးတာကြောင့် မန်စီးတီးနဲ့အတူ (၂၄)ပွဲအထိ ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးနဲ့ ရင်ဆိုင်အတွေ့မှာတော့ လာပေါ့တ် ပါဝင်ကစားခဲ့ပြီး မန်စီးတီးအသင်းလည်း ရှုံးနိမ့်ခဲ့လို့ လာပေါ့တ်ရဲ့ မန်စီးတီးကစားသမားဘဝမှာ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲ ဖြစ်လာခဲ့ပါတယ်။

Photo : Optajose

 

နည်းပြဂွာဒီယိုလာဟာလည်း မန်စီးတီးနည်းပြဘဝမှာ ချယ်လ်ဆီးကို (၃)ပွဲ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဘယ်အသင်းထက်မဆို ချယ်လ်ဆီးကို ပိုပြီးရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ ရံှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်ခဲ့ရသလို လီဗာပူးလ်အသင်းကိုလည်း အမှတ်ပေးဇယားဦးဆောင်ခွင့် ပေးလိုက်ရတာမို့ မန်စီးတီးအတွက်တော့ ရှုံးချက်နာခဲ့ရပါတယ်။

လာပေါ့တ်ရဲ့ ပရီးမီးယားလိဂ် ပထမဆုံးရှုံးပွဲ၊ ဂွာဒီယိုလာအတွက် ချယ်လ်ဆီးကို အခြားအသင်းတွေထက် ရှုံးနိမ့်မှု၊ သွင်းဂိုးတစ်ဂိုးမှမရခဲ့မှု၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ပေးလိုက်ရတဲ့ အချက်အလက်တွေကြောင့် မန်စီးတီးအတွက်တော့ ချယ်လ်ဆီးကို ရှုံံးခဲ့ရတာဟာ သာမာန်ပွဲတစ်ပွဲကို ရှုံးတာထက် အနည်းငယ်ပိုဆိုးရွားတဲ့ ရှုံးပွဲဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က