ဒီနှစ်ဘောလုံးရာသီမှာ ဘောလုံးဖျက်ထုတ်မှု အကြိမ်အများဆုံး စံချိန်တင်ခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးက မန်စီးတီးကိုနိုင်ပြီး ပရီးမီးယားလိဂ်ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာ အားလုံးအသိပါ။ ဒီနိုင်ပွဲအတွက် ချယ်လ်ဆီးအတွက် အနိုင်ဂိုးရှင်တွေဖြစ်တဲ့ ကန်တီ၊ ဒေးဗစ်လုဇ်တို့ကို မီဒီယာတွေက အမွှန်းတင်ရေးသားခဲ့ကြပေမယ့် စစ်တမ်းတွေအရ လူမသိလိုက်တဲ့ သူရဲကောင်းတစ်ဦး ပေါ်ထွက်လာပါတယ်။

RR-SPORTS-FOOTBALL-TABLE-tackle-2.jpg

Photo: The Sun

 

ချယ်လ်ဆီးအသင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ မန်စီးတီးကို ချေမှုန်းနိုင်ပြီးနောက်မှာတော့ နည်းပြ ဆာရီအပါအဝင် ဂိုးသွင်းခဲ့တဲ့ကစားသမားတွေနဲ့ အဓိက ကစားသမားတွေကို မီဒီယာတွေက ချီးကျုးရေးသားဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲရဲ့နောက်ကွယ်မှာ ချယ်လ်ဆီးအသင်းအတွက် အစွမ်းကုန်ကြိုးစားပြီး နိုင်ပွဲအတွက်အရေးပါခဲ့တဲ့ ချယ်လ်ဆီးကစားသမား တစ်ဦးရှိနေပါသေးတယ်။ ဒီကစားသမားကတော့ ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာပါ။ ဆာရီရဲ့အသင်းခေါင်းဆောင်ဟာ မန်စီးတီးနဲ့ပွဲမှာ ၁၃ကြိမ်ကာကွယ်ဖျက်ထုတ်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာ ဘောလုံးဖျက်ထုတ်မှု အကြိမ်အများဆုံး စံချိန်တင်ခဲ့ပါတယ်။

Photo: The Sun

လီဗာပူးအသင်းရဲ့စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့တဲ့ မိုဟာမက်ဆာလာ 

အက်ဇ်ပီလီကွယ်တာရဲ့ မန်စီးတီးနဲ့ပွဲက ဖျက်ထုတ်မှုအကြိမ်အရေအတွက်ဟာ အာဆင်နယ်နဲ့ပွဲမှာ စံချိန်တင်ထားတဲ့ အဲဗာတန်နောက်ခံလူ ဂွီရီရဲ့၈ကြိမ်ဖျက်ထုတ်မှုစံချိန်ထက် ၃ကြိမ်အထိပိုများပါတယ်။ ဒါ့အပြင် စစ်တမ်းတွေအရ အက်ဇ်ပီလီကွယ်တာဟာ ရာနှုန်းပြည့်ဖျက်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ဘောလုံးပေးပို့မှုမှာ လည်း ၉၃ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တယ်လို့ The Sun သတင်းဌာနကဖော်ပြထားပါတယ်။ ချယ်လ်ဆီးဘယ်နောက်ခံလူဟာ အသင်းအတွက် လိုအပ်ရင် ဗဟိုခံစစ်၊ ညာတောင်ပံတွေမှာလည်း နေရာပြောင်းလဲကစားနိုင်စွမ်းရှိသူပါ။

Photo: The Sun

 

အသက် ၂၉နှစ်အရွယ် စပိန်နောက်ခံလူဟာ ၂၀၁၂ဘောလုံးရာသီကတည်းက မာဆေးလ်အသင်းကနေပြောင်းရွှေ့လာသူဖြစ်ပြီး ချယ်လ်ဆီးအတွက် ပွဲ ၃၀၀ အထိကစားပေးထားပါတယ်။ မန်စီးတီးနဲ့ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းဟာ အယ်ဇ်ပီလီကွယ်တာကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပြီး အသင်းမှာ ကာလရှည်မြင်တွေ့ရဖို့လည်း ရှိနေပါတယ်။

 

Share

Loading Next Article...
က္က