AD
AD
AD

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ရဲ့ တစ်ပတ်တာ အကောင်းဆုံးအသင်းကို ပရီးမီးယားလိဂ်ရဲ့ ဂန္ထ၀င် ကစားသမား ဟောင်းကြီး အလန်ရှီးယားက ရွေးချယ်ခဲ့ရာမှာ လက်စတာစီးအသင်းတစ်သင်းလုံးကို ရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။ ရှီးယားက သူ့ရဲ့ အင်စတာဂရမ် အကောင့်ကတဆင့်လက်စတာစီးတီးအသင်းကို ချီးကျူးစကားပြောဆိုခဲ့ပြီး သူတို့ရဲ့ အံ့အားသင့်ဖွယ် စိတ်ဓာတ်ပိုင်းခိုင်မာမှုကို ဂုဏ်ပြုပြီး ရွေးချယ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

play
Photo : Sky Sports

 

လက်စတာစီးတီးအသင်းရဲ့ အသင်းပိုင်ရှင် ဗီချိုင်းဟာ ၀က်စ်ဟမ်းနဲ့ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီးနောက် အပြန်မှာ ဟယ်လီကော်ပတာ ပျက်ကျမှုကြောင့် သေဆုံးခဲ့ရပါတယ်။ ဗီချိုင်းနဲ့အတူ အခြားလူပုဂ္ဂိုလ် (၄)ဦးပါ သေဆုံးခဲ့ရပြီး လက်စတာအသင်းအတွက်တော့ တော်တော်လေးကို ယူကျုံးမရဖြစ်စေခဲ့တဲ့ မတော်မဆမှုကို အသင်းရဲ့ ကွင်းအနီးမှာပဲ ကြုံတွေ့ခဲ့ရပါတယ်။

 

play
Photo : 90 min

 

အဲဒီနောက်မှာ လက်စတာအသင်းဟာ အသင်းရဲ့ ကာရာဘောင်းဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆောက်သမ်တန်နဲ့ ကစားရမယ့်ပွဲကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ မူလက ကာဒစ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲကိုပါ ရွှေ့ဆိုင်းဖို့ စီစဉ်ခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့ အဆိုပါပွဲကို မူလစီစဉ်ထားတဲ့အတိုင်း ကစားမယ်လို့ ဆုံးဖြတ်ခဲ့ပြီး အဆိုပါပွဲကိုလည်း ဂရေးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play
Photo : Goal.com

 

အသင်းပိုင်ရှင်ရဲ့ သေဆုံးမှုဖြစ်ပွားခဲ့ပေမယ့်လည်း လက်စတာအသင်းဟာ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုအပြည့်နဲ့ ကစားသွားခဲ့ပြီး အသင်းကစားသမားတွေဟာလည်း အသင်းပိုင်ရှင်အတွက် နိုင်ပွဲရယူပေးဖို့ အားကုန်ထုတ်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အဝေးကွင်းမှာ ကာဒစ်အသင်းကို အနိုင်ရရှိခဲ့ပြီး လက်စတာအသင်းဟာ ဗီချိုင်းအတွက် ရည်စူးခဲ့တဲ့ နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။

play

 

"ကျွန်တော့်ရဲ့ တစ်ပတ်တာအကောင်းဆုံးအသင်းမှာဆိုရင် နှစ်ဂိုးသွင်းခဲ့တဲ့ မိုရာတာ ပါမှာဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ရှာခါကိုလည်း ရွေးချယ်မှာပါ၊ ပြီးတော့ ဒီရာသီမှာ ပထမဆုံးနိုင်ပွဲရခဲ့တဲ့ နယူးကာဆယ်အသင်းက ကစားသမားတွေလည်း ပါဝင်မှာဖြစ်ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော် ခြွင်းချက်အနေနဲ့ တစ်ပတ်တာအကောင်းဆုံးအသင်းအဖြစ် လက်စတာတစ်သင်းလုံးကို ရွေးချယ်ချင်ပါတယ်"

"သူတို့ဟာ ကြီးမားခက်ခဲတဲ့ အခြေအနေမှာ ကစားခဲ့ရတာဖြစ်ပြီး ကာဒစ်ကို အနိုင်ယူကာ သူတို့ရဲ့ အသင်းပိုင်ရှင်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ပြုမှုကို ဖန်တီးပေးနိုင်ခဲ့လို့ပါ၊ ဒီအသင်းနဲ့ ကစားသမားတွေဟာ အဆုံးစွန်ထိ ဂုဏ်ပြုမှုနဲ့ ထိုက်တန်ကြပါတယ်၊ သူတို့ကို ကြည့်ခဲ့ရတာဟာ စစ်သားကောင်းတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကစားခဲ့တာလို့ ခံစားရပါတယ်" လို့ အလန်ရှီးယားက ရေးသားပြောဆိုခဲ့ပါတယ်။

လက်စတာစီးတီးအသင်းကိုလည်း ဘောလုံးလောကက ချီးကျူးဂုဏ်ပြုခဲ့ကြသလို ပရိသတ်တွေကလည်း သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ်မှာ ၀ိုင်းဝန်းဂုဏ်ပြုပေးခဲ့ကြပါတယ်။ အသင်းပိုင်ရှင်ရဲ့ နာရေးရှိနေခဲ့ပေမယ့်လည်း လက်စတာအသင်းရဲ့ ကစားသမားတွေဟာ ကွင်းအတွင်းမှာ ကြေကွဲဝမ်းနည်းစိတ်တွေကို ဖြေဖျာက်ကစားနိုင်ခဲ့ကြပြီး အဖိုးတန်နိုင်ပွဲကို ဖန်တီးရယူနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD