ရိုင်းပျတဲ့စကားတွေလို့ ယူဆခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ နယူးကာဆယ်နဲ့ပွဲအပြီးမှာ မှတ်ချက်ပြုခဲ့တဲ့ ပြောစကားအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ပါတယ်။ BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ ပွဲအပြီးမှာ မော်ရင်ဟိုရဲ့ ပြောဆိုနေမှုကို ရုပ်သံကတဆင့် မြင်တွေ့ခဲ့ပြီးနောက် အခုလို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

Photo : BBC

 

ပေါ်တူဂီ ဘာသာစကားနဲ့ ရေရွတ်ပြောဆိုခဲ့တဲ မော်ရင်ဟိုရဲ့ ပြောစကားကို အက်ဖ်အေက ရုန့်ရင်းကြမ်းတမ်းပြီး စော်ကားပြောဆိုခဲ့တယ်လို့ ထင်မြင်ယူဆခဲ့ပါတယ်။ ဒီအတွက် အက်ဖ်အေက ဘာသာပြန်ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး မော်ရင်ဟို ပြောဆိုမှုကို စစ်ဆေးနေပြီ ဖြစ်ပါတယ်။ သတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ "F..k off sons of B....s လို့ အဓိပ္ပာယ်ရတဲ့ စကားကို ပေါ်တူဂီ ဘာသာစကားနဲ့ ပြောဆိုခဲ့တာလို့ သိရပါတယ်။

အိပ်မက်ဆိုးတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဂျာမနီရဲ့ ၂၀၁၈ နေ့စွဲများ 

Photo : Manchester Evening News

နယူးကာဆယ်အသင်းကို (၂-ဝ) ဂိုးမရှိနဲ့ ပထမပိုင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ မော်ရင်ဟိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးမိနစ် (၂၀)အတွင်း (၃)ဂိုး ပြန်လည်သွင်းယူပြီး အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ မော်ရင်ဟိုက "အပြစ်သားတွေကို သေချာ ကိုင်တွယ်ခဲ့ရတယ်"လို့ သူ့ကိုယ်သူ ပြန်လည်ပြောဆိုခဲ့ပါသေးတယ်။

Photo : Socceruncle

 

"နယူးကာဆယ်နဲ့ပွဲအပြီးမှာ သူ ပြောဆိုဝေဖန်ခဲ့တဲ့ ပြောစကားနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာပါ၊ ရုပ်သံကင်မရာတွေကနေ မြင်တွေ့ရတာကတော့ ဒါက ဝေဖန်မှု၊ တိုက်ခိုက်မှု နဲ့ ရိုင်းပျတဲ့ စကားတွေ ဖြစ်နေပါတယ်" လို့ အက်ဖ်အေက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီအတွက် မော်ရင်ဟိုဟာ လာမယ့်သောကြာနေ့နောက်ဆုံးထားပြီး ပြန်လည်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။

Photo : The National

 

မော်ရင်ဟိုအနေနဲ့ သောကြာနေ့ညနေ (၆)နာရီမတိုင်ခင်မှာ သင့်တော်တဲ့ ဖြေရှင်းချက်မပေးနိုင်ခဲ့ဘူးဆိုရင်တော့ စနေနေ့မှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ မန်ယူအသင်းကို ကြီးကြပ်ခွင့်နဲ့ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က