ဆာလာက သူရရှိတာကို မယူခဲ့ပဲ မီလ်နာကို လွှဲပြောင်းပေးခဲ့တာပါ။

ဘုန်းမောက်အသင်းကို လေးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူးဆာလာက တစ်ဦးတည်း (၃)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီအတွက် ဆာလာဟာ လီဗာပူးလ်အသင်းရဲ့ သမိုင်းမှာ (၅၂)ပွဲကစားအပြီး သွင်းဂိုး (၄၀) ပြည့်မြောက်ခဲ့တဲ့ အမြန်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။


Photo : AS

 

အဆိုပါပွဲမှာလည်း ဆာလာက ပွဲစဉ်အတွက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါဆုကို ဆာလာက ငြင်းဆန်ခဲ့ပြီးနောက် အသင်းဖော် ဂျိမ်းစ်မီလ်နာကိုသာ ပေးအပ်ဖို့အတွက် လက်လွှဲပေးခဲ့ပါတယ်။ ဘုန်းမောက်နဲ့ပွဲဟာ မီလ်နာအတွက်တော့ ပရီးမီးယားလိဂ်ပွဲပေါင်း (၅၀၀) ပြည့်မြောက်ခဲ့တဲ့ပွဲဖြစ်တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့ နိုင်ပွဲကြောင့် စံချိန်ပျက်ခဲ့တဲ့ မန်စီးတီးနဲ့ ဇယားထိပ်ရောက်သွားတဲ့ လီဗာပူးလ် 

ပွဲအပြီးမှာ မီလ်နာနဲ့ ဆာလာကို စကိုင်းစပေါ့က အင်တာဗျူးပြုလုပ်ခဲ့ပြီး မီလ်နာက အကောင်းဆုံးကစားသမားဆုကို ဆာလာဆီ ပြန်ပေးခဲ့ပေမယ့် ဆာလာက လက်မခံခဲ့ပဲ မီလ်နာကိုသာ ပြန်လည်ပေးသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အင်တာဗျူးအစီအစဉ်မှာလည်း ဆာလာက အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

Photo : AS

"ပွဲ (၅၀၀) ပြည့်သွားပြီ၊ မီလ်နာကို ကျွန်တော် ဂုဏ်ပြုတာပါ၊ သူ့ရဲ့ အံ့အားသင့်စရာကောင်းတဲ့ ကစားသမားဘဝအတွက်ပါ၊ ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆုနဲ့ သူထိုက်တန်ပါတယ်၊ ဒီရာသီမှာ ကျွန်တော်တို့ အတူတူ အောင်မြင်မှုတွေ ရဖို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် ဒီဆုကိုတော့ ကျွန်တော် လက်မခံပါဘူး" လို့ဆာလာက ပြောသွားခဲ့ပါတယ်။

ဆာလာကတော့ ဒီရာသီမှာ အသင်းအတွက် စုစုပေါင်းပြိုင်ပွဲစုံသွင်းဂိုး (၁၂)ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး (၁၀)ဂိုး ဖြစ်လာခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်နဲ့ ပူးတွဲရပ်တည်နေပြီ ဖြစ်ပါတယ်။ ဂျိမ်းလ်မီနာကတော့ သူ့ရဲ့ပွဲ (၅၀၀)ပြည့် ပရီးမီးယားလိဂ်ပွဲမှာ နိုင်ပွဲရရှိခဲ့ပါတယ်။ လီဗာပူးလ်အတွက် (၁၁၁)ပွဲ၊ မန်စီးတီးအတွက် (၁၄၇)ပွဲ၊ အက်စတန်ဗီလာအတွက် (၁၀၀)ပွဲ၊ နယူးကာဆယ်အတွက် (၉၄)ပွဲ၊ လိဒ်ယူနိုက်တက်အတွက် (၄၈)ကို မီလ်နာက ကစားပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က