ဘယ်လ်ဂျီယံအသင်းက အနားယူမယ့် အစီအစဉ်ကို ပြောကြားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် နဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်မှူး လူကာကူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းအတွက် ကစားပေးခြင်းကနေ အနားယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Business Insider နဲ့ အင်တာဗျူးအစီအစဉ်မှာ လူကာကူက ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : 90 min

 

၂၀၂၀ ခုနှစ်မှာ လူကာကူဟာ အသက် (၂၇)နှစ်သာ ရှိဦးမှာ ဖြစ်ပြီး အဆိုပါအသက်အရွယ်နဲ့ အနားယူဖို့ စဉ်းစားနေတယ်ဆိုတာက အံ့အားသင့်စရာ ဖြစ်လာခဲ့ပါတယ်။ လူကာကူက သူ့အနေနဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကို အာရုံစိုက်ထားပြီး အဆိုပါပြိုင်ပွဲအပြီးမှာတော့ ဘယ်လ်ဂျီယံံအတွက် ကစားပေးခြင်းက အနားယူသွားမယ်လို့ ထုတ်ဖော်ပြာကြားခဲ့ပါတယ်။

သောကြာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

Photo : 90 min

 

လူကာကူဟာ ဘယ်လ်ဂျီယံအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသင်းအတွက် (၄)ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာလည်း အဓိကတိုက်စစ်မှူးအဖြစ် ပါဝင်ကစားခွင့်ရနေသူ ဖြစ်ပါတယ်။

Photo : 90 min

 

"ကျွန်တော့်အသက်က အခု (၂၅)နှစ်ရှီပါပြီ၊ ဒါပေမယ့် ကစားသမားဘ၀ အကောင်းဆုံးအနေအထားကို မရောက်သေးပါဘူး၊ ဒါကြောင့်မို့လို့ လူငယ်ကစားသမားတွေကို ကျွန်တော့်ရဲ့ ပြိုင်ဘက်အဖြစ် ရှုမြင်ထားဆဲပါ၊ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်နေရာကို ရယူဖို့ ကြိုးစားနေကြလို့ပါပဲ၊ လက်ရှိအချိန်မှာတော့ ကျွန်တော့်နေရာကို မဖယ်ပေးနိုင်ပါဘူး၊ ဒါပေမယ့် နောက်ထပ် (၂)နှစ်လောက်ဆိုရင်တော့ ဒီနေရာကို သူတို့ရယူနိုင်ပါတယ်" လို့ လူကာကူက ပြောကြားခဲ့ပါတယ်။

Photo : 90 min

 

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ လူကာကူအနေနဲ့ ယူရိုပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူတော့မယ်လို့ ဆိုခဲ့တာကြောင့် လာမယ့် နောက်ထပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူကာကူကို မြင်တွေ့ဖို့ မလွယ်ကူတော့တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။ ကစားသမားဘ၀ အကောင်းဆုံးအသက်အရွယ်နဲ့ ခြေစွမ်းအမြင့်ဆုံးအချိန်မှာ အနားယူဖို့ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့တာကတော့ အံ့အားသင့်စရာ ကောင်းလာခဲ့ပါတယ်။

Share

Loading Next Article...
က္က