လက်ရှိမှာ အကြမ်းဖျင်းသဘောတူညီမှုရရှိထားပေမယ့် ကစားမယ့် ပွဲစဉ်၊နေ့ရက်၊အချိန်တို့ကိုတော့ အတိအကျ သတ်မှတ်ရခြင်းမရှိသေးပါဘူး။
ယခုနှစ် လာလီဂါ ပွဲစဉ်တွေထဲက ပွဲကြီးပွဲကောင်းတွေကို အမေရိကန်နိုင်ငံမှာ သွားရောက်ကျင်းပဖို့ စပိန်နိုင်ငံသမိုင်းတစ်လျှောက်ပထမဆုံး အကြိမ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်ကနေ ရာမို့စ်ကို လက်စားချေခဲ့ကြတဲ့ လီဗာပူးလ်ပရိသတ်များ
ဒီအစီအစဉ်ကတော့ လာလီဂါနဲ့ မီဒီယာ ကုမ္ပဏီတို့နှစ်ခုကြား ၁၅ နှစ်တာ နားလည်မှုနဲ့ ဆောင်ရွက်သွားမှာလို့သိရပြီး နိုင်ငံတကာချန်ပီယံများ ဖလားပြိုင်ပွဲက ကြီးမှူးဆောင်ရွက်သွားမှာလို့လည်းသိရပါတယ်။
အခုလို ဆောင်ရွက်ရခြင်းကတော့ အကြမ်းဖျင်းအရ သဘောတူညီမှုသာရှိသေးပြီး ကစားမယ့်ပွဲ၊အချိန်နဲ့ နေ့ရက်တွေကိုတော့ သတ်မှတ်ရခြင်း မရှိသေးဘူးလို့ လာလီဂါ ဥက္ကဌ ဂျာဗီယာတိဗက်စ်က ပြောပါတယ်။
ဒီလို အစီအစဉ်ကို အင်္ဂလန်ပရီးမီးယားလိဂ်ကလည်း ပွဲစဉ် ၃၉ ပွဲကို အင်္ဂလန်နဲ့ ဝေးလ်ပြင်ပမှာ ကစားမှာ ကစားဖို့ ဆောင်ရွက်ခဲ့ဖူးတယ်လို့ သိရ ပါတယ်။
ဒီအကြံကိုတော့ ၂၀၀၈ ခုနှစ်ကတည်းက သိရှိခဲ့ကြတာ ဖြစ်ပေမယ့်လည်း ယနေ့အချိန်ထိတော့ အထမြောက်အောင် အကောင်အထည် ဖော်နိုင် ခြင်းတော့ မရှိသေးပေ။
အခုတော့စပိန်က စတင်ဆောင်ရွက်လာပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းလာဖွယ်လည်း ရှိနေပါတယ်။ ပွဲကြီးပွဲကောင်းတွေကို စပိန်ပြင်ပမှာ ကစားဖို့ စီစဉ်နေတယ်ဆိုပေမယ့်လည်း ဂျာဗီယာတိဗက်စ် အရင်က ပြောခဲ့ဖူးတာကတော့ ရီးရဲနဲ့ ဘာစီလိုနာ တွေ့ဆုံတဲ့ ပွဲကို တော့ စပိန်ပြင်ပမှာ ဘယ်တော့မှ ကစားစေမှာ မဟုတ်ဘူးလို့တော့ ဆိုထားပါတယ်။
ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ် ဇူလိုင်လတုန်းကတော့မီယာမီမှာ ရီးရဲနဲ့ ဘာစီလိုနာတို့ အင်တာနေရှင်နယ်ချန်ပီယံဖလားပြိုင်ပွဲမှာတွေ့ဆုံခဲ့ကြပြီး ဒီလိုတွေ့ဆုံမှုကလည်း၁၉၉၁ ခုနှစ်နောက်ပိုင်း စပိန်ပြင်ပမှာ ပထမဆုံးတွေ့ဆုံတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကဆိုရင်လည်း စပိန်စူပါဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့သေးပြီး အက်သကလ်တီကိုအသင်းက ၄-၂ ဂိုးနဲ့ ရီးရဲမက်ဒရစ်အသင်းကို အနိုင်ရခဲ့ပါတယ်။
Share