ယခင်က နေမာကိုလည်း ပီအက်စ်ဂျီအသင်းက ယူရို ၂၂၂ သန်းနဲ့ ခေါ်ယူထားခဲ့ဖူးပါတယ်။

ရာကီတစ်ရဲ့ စာချုပ်လျော်ကြေးကို ယူရို ၁၂၅ သန်း သတ်မှတ်ထားပေမယ့် ပီအက်စ်ဂျီဖက်က ဒီ့ထက်ပိုတဲ့ ပြောင်းရွှေ့စရိတ်တွေနဲ့ ကစားသမား တွေ ခေါ်ယူထားလို့ အခုလည်း မခေါ်ယူနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

Photo - Everything Barca

 

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းက ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်ကို အလိုရှိနေတယ်လို့ သိရပါတယ်။

ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ပေါင် ၁၀၇သန်း အသုံးပြုရမယ့် ရီးရဲလ် 

၂၀၁၈ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားကွင်းလယ်ကို မိုဒရစ်နဲ့အတူ မောင်းနှင်ခဲ့တဲ့ ရာကီတစ်ဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်အသက် သွေး ကြော ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo - Sportstarlive

 

ဘာစီလိုနာအသင်းကတော့ ၎င်းတို့ရဲ့ ကစားသမား အခြားအသင်းကို မပါသွားစေရေးအတွက် စာချုပ်လျော်ကြေး ယူရို ၁၂၅ သန်းပေးချေမှ ဖြစ် မယ်လို့ မြင့်မားတဲ့ စရိတ်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြ ဗယ်လ်ဗာဒီကလည်း ရာကီတစ်ကို အခြားအသင်းထံ ပြောင်းရွှေ့စေလိုခြင်း အလျင်း မရှိတာကို သိရပေမယ့် လည်း ဘာစီလိုနာ တောင်းဆိုးထားတဲ့ စာချုပ်လျော်ကြေးကို ပီအက်စ်ဂျီအသင်းက ပေးချေခဲ့မယ်ဆိုရင်တော့ အဖြေက တစ်မျိုးပြောင်းသွားနိုင် ပါတယ်။

ဒါ့အပြင် ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ချင်စိတ်ရှိနေမလား ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပြီး ပီအက်စ်ဂျီအ သင်းကိုလည်း စောင့်ကြည့်ရပါမယ်။.

တစ်ခုရှိတာက နေမာ၊ဘတ်ပေးတို့ကို ခေါ်ခဲ့လို့ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီပမာဏနဲ့ လူထပ် ခေါ်မယ်ဆိုရင် အခြေအနေက ပိုဆိုးနိုင်ဖို့လည်း ရှိနေပါတယ်။

ဒါကြောင့် လက်ရှိအသင်းမှာရှိနေတဲ့ ကစားသမားတစ်စုံတစ်ဦးကို ပြန်လည်ရောင်းချပြီးခေါ်ယူမှသာလျှင် ပီအက်စ်ဂျီအတွက် စုံစမ်းစစ်ဆေးမှု ဒဏ်က သက်သာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Share

Loading Next Article...
က္က