ရော်နယ်ဒိုကို တတိယနေရာမှာ သတ်မှတ်ခဲ့တာပါ။

ဘလွန်းဒီအော်ဆုရှင်ဟောင်း ကာကာဟာ ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် ဘလွန်းဒီအော်ဆုအတွက် ဆုရရှိနိုင်တဲ့ ကစားသမား ၂ ဦးနာမည်ကို ခန့်မှန်းပြောကြားခဲ့ပါတယ်။ ယခုနှစ်အတွက် ဘလွန်းဒီအော်ဆုအတွက် ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားမှာ ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လူကာမိုဒရစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ ဘတ်ပီ၊ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက် ရယူနိုင်ခဲ့ပြီး စံချိန်သစ်ရေးထိုးခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ ရေပန်းစားနေတာဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဘလွန်းဒီအော်ဆုကို ရရှိခဲ့တဲ့ ကာကာဟာ ၂၀၁၈ ဘလွန်းဒီအော်ဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့မဟုတ်ဘဲ အခြားကစားသမားတစ်ဦးက ရယူသွားနိုင်တဲ့အချိန်ရောက်ရှိနေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကနေ ယနေ့အချိန်အထိ ဘလွန်းဒီအော်ဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့က တစ်လှည့်စီ ရယူခဲ့ကြပြီး တစ်ဦးကို ၅ ကြိမ်စီ ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။

အက်ဒ်ဝုဒ်ဝဒ်နဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူကို ရင်ဖွင့်လိုက်တဲ့ မော်ရင်ဟို 

၂၀၁၈ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုရှင် ဘယ်သူဖြစ်မလဲလို့ မေးမြန်းခဲ့တဲ့အခါမှာ ကာကာက လူကာမိုဒရစ်နဲ့ ဘတ်ပီတို့ကို ရွေးချယ်ပေးခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ ကာကာက လူကာမိုဒရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အထင်ကြီးလေးစားလောက်တဲ့ရလဒ်ကို ရယူပေးနိုင်ခဲ့သူလို့ ချီးကျူးခဲ့ပါတယ်။

 

"မိုဒရစ်ဆီမှာ အထင်ကြီးလေးစားလောက်တဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ချန်ပီယံလိဂ်ဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့သလို ခရိုအေးရှားအသင်းနဲ့လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်"

"သူက ကစားပွဲကိုု ဖန်တီးပြီး တစ်ပွဲလုံးကို ထိန်းချုပ်နိုင်တဲ့သူတစ်ယောက်ပါ"

"ဘတ်ပီကတော့ အရမ်းကို သန်မာတောင့်တင်းပြီး ကစားသမားဘဝသက်တမ်းက ရှေ့မှာအများကြီး ရှိပါသေးတယ်။ အနာဂတ်က ခင်ဗျားတို့ လက်ထဲမှာပါ"လိုု့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က