လိဂ်ဂိုး (၄၀၀) ပြည့်မြောက်ခဲ့တာပါ။

ဆက်ဆူအိုလိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကလပ်အသင်း ကစားသမားဘဝအတွက် စံချိန်သစ်တစ်ခုကိုပါ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။  စပို့တင်း၊ မန်ယူ၊ ရီးရဲလ်နဲ့ ဂျူဗီကစားသမား ဘဝတွေမှာ ရော်နယ်ဒိုရဲ့ လိဂ်သွင်းဂိုးဟာ (၄၀၀) ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။



Photo : AS

 

ဘလွန်းဒီအောဆု (၅)ကြိမ် ပိုင်ဆိုင်ထားခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ နောက်ထပ် သမိုင်းမှတ်တမ်းတစ်ခုကို စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အတွက် ၃၁၁ ဂိုး၊ မန်ချက်စတာယူနိုက်တက်အတွက် ၈၄ ဂိုး၊ စပို့တင်းအတွက် ၃ဂိုး၊ ဂျူဗင်တပ်စ်အတွက် ၂ဂိုးစီ အမှတ်ပေးလိဂ်မှာ ဂိုးတွေသွင်းခဲ့ပြီး ဂိုး (၄၀၀) ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုလိုပဲ ဟီဂူအင်လည်း အသင်းသစ်မှာ ဂိုးပေါက်တွေ့ခဲ့ပြီ 

Photo : AS

 

ဒါဟာ ဥရောပရဲ့ ထိပ်တန်းလိဂ်တွေမှာ (၅)ဦးမြောက် လိဂ်ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုးဆက်ဘီကန်က (၅၁၈)ဂိုး၊ ပွတ်စ်ကတ်စ်က (၅၁၄)ဂိုး၊ ဂျင်မီမက်ခ်ဂရော်ရီက (၄၁၀)ဂိုး၊ ဆီလာက (၄၀၆) ဂိုးစီ သွင်းယူခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက ဂိုးပေါင်း (၄၀၀) နဲ့ နံပါတ် (၅)မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Photo : ESPN.in

 

ဆက်ဆူအိုလိုနဲ့ပွဲမှာ ရော်နယ်ဒိုဟာ ဟက်ထရစ်သွင်းဂိုး ရရှိဖို့အထိ နီးစပ်ခဲ့ပေမယ့်လည်း ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် သွင်းဂိုး (၂)ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ စီးရီးအေမှာ (၃)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေလို့ ဝေဖန်ခံနေရတဲ့ ရော်နယ်ဒိုအတွက်တော့ အကောင်းဆုံးခြေစွမ်းပြပြီး ဝေဖန်မှုတွေကို တုံ့ပြန်နိုင်ခဲ့ပါတယ်။

Photo : Ottumwa Courier

 

ပေါ်တူဂီတိုက်စစ်မှူးဟာ စီးရီးအေသွင်းဂိုးတွေ ရရှိဖို့အတွက် အပိုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပြီး အားထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ကြိုးစားမှုအပေါ် အသင်းဖော်တွေက အံ့အားသင့်ခဲ့ရပြီး ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ရပ်တည်နေခဲ့ရတဲ့ အပေါ်မှာ ကောင်းကောင်းနားလည် ခဲ့ပြီလို့ ဖွင့်ဟပြောကြားခဲ့ရတဲ့အထိ ရော်နယ်ဒိုရဲ့ အားထုတ်မှုတွေက ပြင်းထန်ခဲ့ပြီး နောက်ဆုံးမှာတော့ စီးရီးအေသွင်းဂိုး ပိုင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က