PAOK နဲ့ ကစားရမယ့် ယူရိုပါလိဂ်အုပ်စုအဆင့် ပြိုင်ပွဲအတွက် ဂရိကို ထွက်ခွာခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာ အဓိကကစားသမား ဟာဇက် ပါဝင်သွားခြင်း မရှိဘူးလို့ သိရပါတယ်။ ဟာဇက်က သူ့အနေနဲ့ မောပန်းနွမ်းနယ်နေတာကြောင့် အနားယူချင်တယ်လို့ သူ့ကို ခွင့်တောင်းခဲ့တာ ဖြစ်ကြောင်း နည်းပြဆာရီက ရှင်းပြခဲ့ပါတယ်။
Photo : Daily Mail
အသက် (၂၇)နှစ်အရွယ် ဘယ်လ်ဂျီယံကစားသမားဟာ စနေနေ့က ကစားခဲ့တဲ့ ကာဒစ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့သူ ဖြစ်ပါတယ်။ ဟာဇက်ရဲ့ တောင်းဆိုမှုကို ဆာရီကလည်း လက်ခံခဲ့ပြီး PAOK နဲ့ ကစားရမယ့် ပွဲအတွက် အသင်းလူစာရင်းမှာ ဟာဇက်ကို ချန်လှပ်ထားခဲ့ပြီး ဂရိကို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပြန်တဲ့ ရာမို့စ်
Photo : Daily Mail
"နိုင်ငံအသင်းနဲ့ပွဲ၊ ကာဒစ်နဲ့ပွဲတွေကို ကစားခဲ့ပြီးနောက် သူ နည်းနည်းပင်ပန်းနေတယ်လို့ ကျွန်တော့်ကို လာပြောခဲ့ပါတယ်၊ သူ့အနေနဲ့ ဒီမှာ နေရစ်ခဲ့တာက အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တွေးခဲ့ပါတယ်၊ ကော့ဘ်ဟမ်းမှာ သူ လေ့ကျင့်ခန်းပြုလုပ်ရင်း အနားယူတာက အဆင်ပြေမှာပါ" လို့ ဆာရီက ပြောကြားခဲ့ပါတယ်။
Photo : Daily Mail
ဟာဇက်နည်းတူ အသင်းကနေ အနားယူခဲ့တာက နောက်ခံလူ ဒေးဗစ်လုဇ်ပါ။ အင်္ဂလန်ကွင်းလယ်လူ လော့တပ်ချိခ်ကတော့ ဂရိကို ထွက်ခွာသွားတဲ့ လူစာရင်းမှာ ပါဝင်သွားခဲ့ပါတယ်။ ဒဏ်ရာပြသနာ အနည်းငယ်ရှိနေလို့ အသင်းမှာ ကစားရဖို့ အာမခံချက်မရရှိသေးတဲ့ လော့တပ်ချ်ခ်ဟာ ဒီနေ့ပွဲမှာတော့ အသင်းအတွက် ပါဝင်နိုင်ဖွယ် ရှိပါတယ်။
Photo : Daily Mail
"လော့တပ်ချိခ်က ကျွန်တော့်အတွက်တော့ အရမ်းကောင်းတဲ့ ကစားသမားပါ၊ ဒါပေမယ့် သူနေရာ ရပါ့မလားဆိုတာတော့ ကျွန်တော် မသိပါဘူး၊ လက်ရှိက အသင်းမှာနေရာရဖို့က ခက်ခဲပါတယ်၊ ကစားသမား (၁၁)ယောက်ပဲ ကစားခွင့်ရှိပေမယ့် ကျွန်တော့်မှာ (၂၈)ယောက် ပိုင်ဆိုင်ထားပါတယ်၊ ဒါကြောင့် ကစားသမား (၁၇)ယောက်က ကျွန်တော်နဲ့ သဘောထား တူညီမှာမဟုတ်ပါဘူး" လို့ ဆာရီက လော့တပ်ချိခ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။