ဘိုင်ယန်မြူးနစ်ရဲ့နိုင်ပွဲကို ရပ်တန့်ခဲ့တာပါ။

အော့စ်ဘတ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့အိမ်ကွင်းမှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗတ်နဲ့ ကြယ်ပွင့်တောင်ပံကစားသမား အာဂျန်ရော်ဘင်တို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ အော့စ်ဘတ်နဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုရာသီရဲ့ ပထမဆုံး အမှတ်လျော့ခဲ့တာဖြစ်ပြီး အော့စ်ဘတ်အသင်းက ၈၆ မိနစ်မှာ နောက်ကျချေပဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

2.38760568.jpg

Photos: Eveningexpress

ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကို ဒုတိယပိုင်း ၄၈ မိနစ်မှာ အာဂျန်ရော်ဘင်က ဂနာဘရီရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပြီး ကစားကွက်အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ အော့စ်ဘတ်အသင်းအတွက် နောက်ကျချေပဂိုးကို ၆၁ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ ဖီလစ်ဂေါ့ဇီက  ၈၇ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုနဲ့ ဆာလာကို ချန်လှပ်ခဲ့တဲ့ မြန်မာ 

ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗတ်ဟာ ယခုရာသီ ပွဲစဉ်တွေများစွာကနေ ရမှတ် ၅ မှတ်အထိ စုဆောင်းနိုင်ခဲ့တဲ့ အော့စ်ဘတ်အသင်းကို အထင်ကြီးလေးစားမိကြောင်း ပြောကြားခဲ့ပါတယ်။

"အော့စ်ဘတ်အသင်း တကယ့်ကိုကောင်းမွန်တဲ့အလုပ်တစ်ခုကို လုပ်နိုင်ခဲ့တာပါ။ သူတို့က ကျွန်တော်တို့ရဲ့ သေချာကြိုတင်ပြင်ဆင်ထားတဲ့ကစားကွက်ကို ဖိနှိပ်နိုင်ခဲ့ပါတယ်"

Photos: TSN

 

"ကျွန်တော်တို့ရဲ့ကွင်းဘက်ကနေ ထွက်သွားဖို့ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲဖို့ကို မအောင်မြင်ဖြစ်ခဲ့တဲ့အခါမှာပေါ့။ ဘွန်ဒက်စ်လီဂါမှာတော့ အမြဲတမ်းတင်းကျပ်နေကြပါပဲ"

"ကျွန်တော်တို့ အမှတ်ပြည့် ၃ မှတ်စလုံး ရယူချင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ မအောင်မြင်ခဲ့ပါဘူး။ ဘာလင်နဲ့ အဝေးကွင်းပွဲမှာ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ဖို့ ကြိုးစားပါ့မယ်"လို့ ပြောကြားခဲ့ပါတယ်။

အော့စ်ဘတ်အသင်းနဲ့ပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူခဲ့တဲ့ ကြယ်ပွင့်တောင်ပံကစားသမား အာဂျန်ရော်ဘင်ကလည်း အော့စ်ဘတ်အသင်းအနေနဲ့ ရမှတ် ခွဲဝေရယူဖို့ ထိုက်တန်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

"အော့စ်ဘတ်အသင်းဟာ ရဲစွမ်းသတ္တိအပြည့်ရှိပြီး အလွန်ထူးခြားတဲ့ကစားပုံနဲ့ ပွဲကို ပြောင်းလဲခဲ့ပြီး သူတို့ဘာသာသူတို့ ဆုအဖြစ်ရယူသွားနိုင်ခဲ့ပါတယ်။ သရေရလဒ်က အပြည့်အဝ မထိုက်တန်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး"

"ကျွန်တော်တို့အနေနဲ့ ပိုပြီးစိတ်ရှည်ရှည်နဲ့ ပိုကောင်းမွန်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ မကြာခဏ ဖြေရှင်းချက်ကို ရှာဖွေဖို့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲကို အနိုင်ရရှိဖို့အတွက် လုံလောက်တဲ့အခွင့်အရေးတွေ အစောကြီးကတည်းက ရခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က