ဘန်ဇီးမား ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ကာရင်ဘန်ဇီးမားနဲ့ လီဗာပူးအသင်းဂိုးသမား အယ်လီဆင်တို့ဟာ ၂၀၁၈ ဘလွန်းဒီအော်ဆုအတွက် ပြင်သစ်မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ပထမဆုံး ဆန်ကာတင် ၅ ဦးစာရင်းမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

 

ဆန်ကာတင် ၅ ဦးစာရင်းထဲမှာ မန်ချက်စတာစီးတီးအသင်း ကြယ်ပွင့်တိုက်စစ်မှူး အဂူရို၊ ရီးရဲမက်ဒရစ်ကြယ်ပွင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်၊ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီတို့လည်း ပါဝင်နေပါတယ်။ ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဘန်ဇီးမားကို ဘလွန်းဒီအော်ဆုအတွက် ပထမဆုံးဆန်ကာတင် ၅ ဦးစာရင်းမှာ ထည့်သွင်းခဲ့တာကို အများက အံ့အားသင့်ခဲ့ကြပြီး မေးခွန်းထုတ်စရာတွေဖြစ်ခဲ့ကြပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး

ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး လာလီဂါသွင်းဂိုး ၅ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၅ သာ သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက် ကိုင်မြှောက်နိုင်ခဲ့တာတစ်ခုတည်းရှိတာဖြစ်ပါတယ်။ ဘန်ဇီးမားရဲ့အသင်းဖော် ဂါရတ်ဘေးလ်ကတော့ ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့ထိုက်တန်သူဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ်အသင်းကို အနိုင်ရရှိစေမယ့် အဓိက သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အဂူရိုဟာလည်း ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ စုစုပေါင်းသွင်းဂိုး ၃၀ အထိ သွင်းယူပေးခဲ့ပြီး မန်ချက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ လိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်သူဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းသွင်းဂိုး ၂၈ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၇ ဂိုး သွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဝမ်းဖလား၊ Coupe de France ဖလား၊ Coupe de la Ligue ဖလား၊ Trophee des Champions ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က