သူ့ရဲ့ တွစ်တာမှာ ရေးခဲ့တာပါ။

ပြိုင်ပွဲစုံ (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေပြီး (၃)ပွဲ ရှုံးနိမ့်နေခဲ့တဲ့ ရလာဒ်တွေကြောင့် စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ အသင်းနည်းပြ လော့ပ်တယ်ဂီလည်း ဖိအားတွေအောက်မှာ ရုန်းကန်နေရပြီး ဂိုးပေါက်ပျောက်နေမှု၊ ဒဏ်ရာအနာတရ ဖြစ်မှု နဲ့ နိုင်ပွဲပြန်ရဖို့အတွက် ခေါင်းခဲနေရပါတယ်။



Photo : Sports Illustrated

 

ဒီအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား တိုနီခရူးစ်က အသင်းပရိသတ်တွေအတွက် အသိပေးပြောစကားတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျာမနီအသင်းအတွက် နိုင်ငံတကာပွဲစဉ်တွေ ကစားပေးဖို့ ရှိနေခဲ့တဲ့ ခရူးစ်က သူ့ရဲ့ တွစ်တာအကောင့်ကနေ ရေးသား ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

(၂)နှစ်အကြာမှာ ပြန်လည်ဖြစ်တည်လာခဲ့တဲ့ လူးကပ်မော်ရာရဲ့ အိပ်မက် 

Photo : Flipboard

 

"စိတ်ပျက်စရာ ရလာဒ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ရက်သတ္တပတ် (၂)ပတ်ပါ၊ ကံဆိုးခဲ့တဲ့ ပွဲတွေလည်း ရှိခဲ့ပါတယ်၊ ဒီထက်မကတဲ့ ရမှတ်တွေကို ရရှိခဲ့သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကစားပုံက အဆိုးရွားကြီးမဟုတ်လို့ပါပဲ၊ ဒါပေမယ့် လွန်ခဲ့တဲ့ (၃)နှစ်ကလည်း ဒီလို အဖြစ်မျိုး ကြုံတွေ့ခဲ့ရတာကို မမေ့ကြပါနဲ့၊ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နောက်တစ်ကြိမ် မားမားမတ်မတ်ရပ်တည်ပေးကြပါ၊ ဟာလာမက်ဒရစ်" လို့ ခရူးစ်က ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo : The 18

ရော်နယ်ဒို ထွက်ခွာသွားခဲ့ပြီးနောက်မှာ တိုက်ဆိုင်စွာနဲ့ပဲ ရီးရဲလ်အသင်း ဂိုးပေါက်ပျောက်နေခဲ့တာကြောင့် အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ မက်ဒရစ် ဒါဘီပွဲမှာ ရီးရဲလ်ပရိသတ်တွေက ရော်နယ်ဒိုရဲ့ နာမည်ကို အော်ဟစ်ပြီး အားပေးမှု ပြုလုပ်ခဲ့ကြပါတယ်။ နည်းပြသစ် လော့ပ်တယ်ဂီ အနေနဲ့ တိုက်စစ်ပိုင်းကို ကစားသမားအစုံအလင် အသုံးပြုပြီး ပြောင်းလဲခဲ့ပေမယ့် ထူးခြားမလာခဲ့ပါဘူး။

Photo : Fox Sports

 

ဒါ့အပြင် အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မာဆယ်လို၊ အစ္စကို၊ ကာဗာဂျယ်တို့ ဒဏ်ရာရခဲ့ပြီး အခုနောက်ဆုံးအနေနဲ့ တိုက်စစ်မှူး ဘန်ဇီမာဟာလည်း တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့လို့ လော့ပ်တယ်ဂီအတွက်တော့ စိတ်ရှုပ်စရာတွေ ဖြစ်လာနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က