ပြန်လည်ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ဂျူဗင်တပ်အသင်းရဲ့အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီစီရဲ့ ပြောကြားချက်အရ သိရပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းအတွက် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ကစားပေးခဲ့တဲ့ကစားသမားဟောင်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင်၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Man-Utd-news-Alexis-Sanchez-Paul-Pogba-Jose-Mourinho-1027408.jpg

Photos: Daily Express

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာကို နည်းပြမော်ရင်ဟိုက အသင်းခေါင်းဆောင်လက်ပတ်ကို နောက်ထပ်တစ်ကြိမ် ဝတ်ဆင်ရတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်မှာ မပျော်မရွှင်ဖြစ်နေတာကြောင့် အသင်းဟောင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ဒါပေမယ့် ဂျူဗင်တပ်အသင်းရဲ့အားကစားဒါရိုက်တာ ပါရာတီစီက ယင်းသတင်းတွေကို ငြင်းပယ်ခဲ့ပြီး ဂျူဗင်တပ်အသင်းအနေနဲ့ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းသွားမှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

Photos: Sky Sport

 

"ကျွန်တော်တို့ သူ့ကို အရမ်းနှစ်သက်ပါတယ်"

"သူနဲ့ အနီးကပ်ရှိခဲ့တဲ့အချိန်ကတည်းက သူ့ကို ကောင်းကောင်းကစားစေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူက ဂျူဗင်တပ်ကစားသမားမဟုတ်တော့ပါဘူး"

"ကျွန်တော်တို့ သူနဲ့ ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်ခေါ်ယူဖို့ကိုတော့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ အဲဒီအကြောင်းကိုလည်း စဉ်းစားသွားမှာလည်းမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က