ညီဖြစ်သူကတော့ ရီးရဲမက်ဒရစ်မှာပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမား လူးကပ်စ်ဟာနန်ဒက်က ၎င်းကို ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လူးကပ်စ်ဟာနန်ဒက်ဟာ မြို့ခံပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခွင့်ကို ပယ်ချခဲ့ပါတယ်။



Photos: Goal

 

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူးကပ်စ်ဟာနန်ဒက်ရဲ့ ညီဖြစ်သူ သီယိုဟာနန်ဒက်ဟာ ပြီးခဲ့တဲ့နှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပေမယ့် လူးကပ်စ်ဟာနန်ဒက်ကတော့ အသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ကို ပြန်သွားလို့မရတာ သေချာသွားပြီဖြစ်တဲ့ ပေါ့ဂ်ဘာ 

သီယိုဟာနန်ဒက်ဟာ အက်သလက်တီကိုမက်ဒရစ် ပထမအသင်းကြီးအတွက် တခါမှ ကစားပေးခဲ့ရခြင်းမရှိသေးချိန်မှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လူးကပ်စ်ဟာနန်ဒက်ဟာ အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပါတယ်။

Photos: AS

 

လူးကပ်စ်ဟာနန်ဒက်က ၎င်းရဲ့ညီဖြစ်သူရှိတဲ့ ဘာနေဗျူးကို ပြောင်းရွှေ့မှာမဟုတ်ကြောင်းနဲ့ အနာဂတ်မှာလည်း အက်သလက်တီကိုမက်ဒရစ်အသင်းကို စွန့်ခွာသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

"ကမ်းလှမ်းမှုကို ကျွန်တော် သိပ်စိတ်မဝင်စားပါဘူး။ မကြာသေးခင်ကပဲ စာချုပ်သစ်ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့အသင်းအပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပါတယ်"

"ကျွန်တော့်ရဲ့အေးဂျင့်က အဲဒီအကြောင်း ပြောခဲ့တာပါ။ သူက ကျွန်တော် ရီးရဲမက်ဒရစ်အသင်းကို သွားဖို့ အခွင့်အလမ်းရှိနေပြီလို့ ပြောတဲ့အချိန်မှာ ကျွန်တော်က အဲဒီလို မလုပ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်"

"အက်သလက်တီကိုက အရာအားလုံးကျွန်တော့်ကို ပေးခဲ့တဲ့အသင်းပါ။ ကျွန်တော်က ရိုးသားတဲ့လူတစ်ယောက်ဖြစ်ပြီး ရီးရဲမက်ဒရစ်ကို မသွားနိုင်ပါဘူး"

"ကျွန်တော်ဒီမှာ အချိန်အကြာကြီးနေနိုင်မယ်လို့ မျှော်လင့့်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ အပြောင်းအလဲတွေက အရမ်းမြန်ပါတယ်။ တကယ်လို့ ကျွန်တော် မငြင်းဆန်နိုင်တဲ့ ကမ်းလှမ်းမှုမျိုးသာ ရောက်လာခဲ့မယ်ဆိုရင်တော့"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က