လီဗန်တေးနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ဘယ်နောက်ခံကစားသမား မာဆယ်လိုဟာ ယမန်နေ့က တတိယအကြိမ်မြောက်လေ့ကျင့်ရေးအစီအစဉ်ကို အပြီးသတ်နိုင်ခဲ့ပြီးနောက် လာမယ့်အောက်တိုဘာ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗန်တေးနဲ့ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝလာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

43054397_332990320794953_6539608150697870284_n.jpg

Photos: Instagram

မာဆယ်လိုဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ နောက်ဆုံးသုံးပွဲဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်၊ စီအက်စ်ကေအေမော်စကိုနဲ့ အလာဗက်စ်အသင်းတို့ရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပါတယ်။ မာဆယ်လိုဟာ စက်တင်ဘာ ၂၆ ရက်နေ့က ဆီဗီလာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် အနားယူနေရသူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ဒဏ်ရာရရှိနေတဲ့အတွက် မာဆယ်လိုဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်အတွက် လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပြီး Marca ရဲ့သတင်းအရ မာဆယ်လိုဟာ ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိဖို့ လေ့ကျင့်နေပြီး နိုင်ငံတကာအားလပ်ရက်အပြီး လိဂ်ပွဲစဉ်တွေပြန်အစမှာ ပါဝင်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။

Photos: 90min

 

ရီးရဲမက်ဒရစ်အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ကာဗာဂျယ်နဲ့ ဘန်ဇီးမားတို့ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာဖို့ အနည်းငယ်လိုသေးတာကြောင့် ယမန်နေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းနဲ့အတူ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ကာဗာဂျယ်ဟာ စီအက်စ်ကေအေမော်စကိုနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘန်ဇီးမားကတော့ အလာဗက်စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပြီး အူအတက်ခွဲစိတ်ဖြတ်ထုတ်ထားတဲ့ အစ္စကိုကလည်း ပြန်လည်သက်သာခါနီးနေပြီလို့ သိရပြီး ဘာစီလိုနာနဲ့ကစားမယ့် အယ်ကလက်စီကိုပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က