မီလင်ကိုဗစ်ဆားဗစ်ကို သွားရောက်စောင့်ကြည့်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ယမန်နေ့ညက နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆားဘီးယားနဲ့ မွန်တီနီဂရိုးအသင်းတို့ရဲ့ပွဲစဉ်ကို ပွဲကြည့်စင်ကနေ ကြည့်ရှုအားပေးခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဆားဘီးယားလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် မီလင်ကိုဗစ်ဆားဗစ်ကို သွားရောက်ကင်းထောက်ခဲ့တာဖြစ်တယ်လို့ SunSport က ရေးသားခဲ့ပါတယ်။

NINTCHDBPICT000441046008.jpg

Photos: The Sun

 

မော်ရင်ဟိုဟာ လူအများသတိမထားမိအောင် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး မွန်တီနီဂရိုးလက်ရွေးစင်၊ ရီးရဲမက်ဒရစ်ဂန္တဝင်ကစားသမား မီဂျာတိုဗစ်နဲ့အတူ ကြည့်ရှုနေခဲ့တာကို သတင်းထောက်တွေက မြင်တွေ့ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ဆာဘီးယားအသင်းဟာ ပထမပိုင်း ၁၈ မိနစ်မှာပဲ မီထရိုဗစ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကမှ လာဇီယိုအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ မီလင်ကိုဗစ်ဆားဗစ်ရဲ့စွမ်းဆောင်ရည်ဟာ မော်ရင်ဟိုအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

Photos: The Sun

 

ယမန်နေ့ညက မော်ရင်ဟိုကိုယ်တိုင် ကွင်းထဲလာရောက်ကင်းထောက်တဲ့ ကစားသမားဟာ မီလင်ကိုဗစ်ဆားဗစ်တစ်ဦးတည်းမဟုတ်ဘူးလို့ သိရပြီး ဖီအိုရင်တီးနားအသင်းရဲ့နောက်ခံကစားသမား မီလန်ကိုဗစ်လည်း တစ်ဦးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဆားဘီးယားနောက်ခံကစားသမား မီလန်ကိုဗစ်ဟာ ယခုရာသီ စီးရီးအေမှာ ကောင်းမွန်တဲ့ပုံစံကို ပြသနေသူဖြစ်ပြီး မော်ရင်ဟိုရဲ့မန်ယူအသင်းမှာ အားအနည်းဆုံးဖြစ်တဲ့ ခံစစ်အတွက် ခေါ်ယူမယ့်ကစားသမားဖြစ်လာနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား မာတစ်ကတော့ ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး ယခုလကုန်ခါနီးမှာ ယှဉ်ပြိုင်ကစားရမယ့် ချယ်ဆီးအသင်းနဲ့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က