ဗန်ဒိုက်နဲ့ ဝစ်ဂျ်နယ်ဒန်တို့ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

ယမန်နေ့ညက ဥရောပနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ နယ်သာလန်အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ပွဲစဉ်မှာ နယ်သာလန်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ၂ ပွဲကစားပြီးချိန်မှာ ၁ မှတ်သာ ရရှိသေးပြီး အုပ်စုမှာ အောက်ဆုံးနေရာက ရပ်တည်နေတာဖြစ်ပါတယ်။

5025672-6273183-image-a-40_1539463282552.jpg



ဂျာမနီအသင်းဟာ အဓိကကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ရှော်ကေးအသင်းရဲ့တိုက်စစ်မှူး မာ့ခ်ဟုသ်ကို အထောင်ထားခဲ့ပါတယ်။ ဂျာမနီအသင်းဟာ နယ်သာလန်အသင်းကို ပွဲစကတည်းက ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

မိနစ် ၃၀ မှာ နယ်သာလန်အသင်းက ထောင့်ကန်ဘောရရှိခဲ့ပြီး ဒီပိုင်းရဲ့ဖြတ်တင်ပေးပို့မှုကို ရိုင်ယန်ဘာဘယ်ခေါင်းတိုက်ရာမှာ တိုင်နဲ့ထိပြီး ပြန်ထွက်လာတဲ့ဘောလုံးကို ဗန်ဒိုက်က အနီးကပ်ခေါင်းတိုက် ပိတ်သွင်းယူပြီး နယ်သာလန်အသင်းက အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲက ပိုမိုကြည့်ကောင်းလာခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ချေပဂိုးရရှိဖို့အတွက် တော်တော်လေး ကြိုးစားပမ်းစားတိုက်စစ်ဆင်ကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။

၈၇ မိနစ်မှာ ကွင်ဆီပရုန်းမ်ရဲ့ဖန်တီးပေးပို့မှုကို မန်းဖစ်ဒီပိုင်းက ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး နယ်သာလန်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန်ပြည့်မြောက်တဲ့ မိနစ် ၉၀ မှာ ဝစ်ဂျ်နယ်ဒန်က ဂျာမနီအသင်းရဲ့ပင်နယ်တီဧရိယာထဲကို တကိုယ်တော်ထိုးဖောက်ဝင်ရောက်ပြီး နယ်သာလန်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က