လာလီဂါမှာ လူအများရဲ့စိတ်ဝင်စားမှုရယူနိုင်တဲ့အရည်အသွေးရှိတယ်လို့ ပြောခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းရဲ့အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လာလီဂါမှာ အခြားကစားသမားတွေထက် ပိုမိုစိတ်ဝင်စားမှုခံယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၂ ကြိမ်ရရှိထားတဲ့ ဟယ်ရီကိန်းဟာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးသူဖြစ်ပါတယ်။

fd873-15395664054633-800.jpg



အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ယခုရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် သွင်းဂိုး ၅ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပြီး စပိန်လက်ရွေးစင်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်က ယနေ့ညမှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ ဟယ်ရီကိန်းနဲ့ပတ်သက်ပြီး ၎င်းရဲ့အမြင်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

သတင်းထောက်က ဆာဂျီယိုရာမို့စ်ကို အင်္ဂလန်အသင်းရဲ့ဘယ်ကစားသမားက စပိန်မှာ အောင်မြင်နိုင်လောက်တဲ့ နည်းစနစ်ပိုင်းအရည်အသွေးရှိလဲလို့ မေးမြန်းခဲ့တဲ့အခါမှာ ဆာဂျီယိုရာမို့စ်က ခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

"သူတို့အားလုံးက တကယ့်ကို အထင်ကြီးလေးစားလောက်စရာကစားသမားတွေပါ"

"ပရီးမီးယားလိဂ်မှာ တောက်ပဖို့က ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိရမယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သူတို့မှာ အရည်အသွေးအများကြီးရှိတဲ့ကစားသမားတွေ ရှိနေပါတယ်"

"ဥပမာပေးရရင် ဟယ်ရီကိန်းဟာ တကယ့်ကို ကြံ့ခိုင်မှုကောင်းတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်သလို ဘောလုံးစွမ်းရည်လည်း ပြည့်ဝပါတယ်။ နောက်ခံကစားသမားအများအပြားကို သူ အံ့အားသင့်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုတော့ အံ့အားမသင့်စေခဲ့ပါဘူး"

"အင်္ဂလန်အသင်းမှာ တကယ့်ကို အန္တရာယ်ရှိပြီး ပြိုင်ဘက်ကစားသမားတွေကို လဲပြိုသွားအောင်လုပ်နိုင်တဲ့ တခြားတိုက်စစ်မှူးတွေလည်း ရှိနေပါတယ်။ ကျွန်တော် အာမခံနိုင်တာကတော့ သူတို့အကြောင်းကို ကောင်းကောင်းလေ့လာထားပြီးပြီဖြစ်တာကြောင့် သူတို့ အကောင်းဆုံးပုံစံကို ပြသနိုင်မှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က