စပိန်အသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့သူပါ။

ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့ညက စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့တောင်ပံကစားသမား ရာဟင်းစတားလင်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

process.jpg



ရီးရဲမက်ဒရစ်အသင်းဟာ ရာဟင်းစတားလင်း လီဗာပူးအသင်းမှာ ကစားခဲ့ချိန်ကတည်းက စိတ်ဝင်စားခဲ့တာလို့ သိရပြီး စတားလင်းဟာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခါနီး ၂၀၁၅ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်ကစားသမားထဲမှာ ပါဝင်ခဲ့တယ်လို့ ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြဟောင်း ဇီဒန်းက မကြာသေးမီက အတည်ပြုပြောကြားခဲ့ပါတယ်။

ဦးလှမောင်အတွက် နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့် 

ရီးရဲမက်ဒရစ်အသင်းဟာ စပိန်အသင်းကို ၂ ဂိုးအထိ သွင်းယူခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ရာဟင်းစတားလင်းကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေပြီး မကြာမီအချိန်အတွင်း ပြောင်းရွှေ့ကြေးပမာဏတစ်ခုနဲ့ ကမ်းလှမ်းတော့မယ်လို့ Daily Mail သတင်းက ဖော်ပြခဲ့ပါတယ်။

 

Daily Mail ရဲ့သတင်းအရ ရီးရဲမက်ဒရစ်အသင်းဟာ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲက စတားလင်းရဲ့စွမ်းဆောင်ရည်ကြောင့် စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပြီဖြစ်ပြီး လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးတန်ဖိုးကျဆင်းသွားနိုင်မယ့် စတားလင်းရဲ့စာချုပ်အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားနေတယ်လို့ သိရပါတယ်။

စတားလင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လ သာကျန်ရှိတော့ပြီး မန်ချက်စီးတီးအသင်းဟာ စတားလင်းကို မကြာမီအချိန်အတွင်း စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။ ဒါပေမယ့် ရီးရဲမက်ဒရစ်အသင်းက စတားလင်းနဲ့ မန်စီးတီးအသင်းတို့ စာချုပ်သစ်မချုပ်ဆိုမီ ကြားဖြတ်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က