မနေ့ကလည်း ဖရီးကစ်ကနေ တစ်ဂိုးသွင်းခဲ့ပါတယ်။

ဒီစီယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဝိန်းရွန်နီကတော့ အသင်းကို အကောင်းဆုံးခြေစွမ်းတွေနဲ့ အကူအညီ ပေးမြဲ၊ ပေးဆဲ ဖြစ်နေပါတယ်။ မနေ့က ကစားခဲ့တဲ့ တိုရွန်တိုအသင်းနဲ့ ပွဲစဉ်မှာလည်း ရွန်နီဟာ ဒီစီယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖရီးကစ်ကနေ လှလှပပ ကန်သွင်းယူပြီး အသင်းကို နိုင်ပွဲရစေခဲ့ပါတယ်။

 

ကိုက် (၄၀)အကွာမှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကို ရွန်နီက ပြိုင်ဘက်ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ကန်သွင်းရသွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရွန်နီအတွက် ဒီစီယူနိုက်တက်မှာ ဒုတိယအကြိမ်မြောက် သွင်းယူနိုင်ခဲ့တဲ့ အလွတ်တည်ကန်ဘောလည်း ဖြစ်ခဲ့ပါတယ်။ ရွန်နီဟာ သြဂုတ် (၁၅)ရက်နေ့က ကစားခဲတဲ့ Portland Timbes နဲ့ပွဲမှာလည်း ဖရီးကစ်ကနေ ဂိုးသွင်းခဲ့ပြီး ဖြစ်ပါတယ်။

သိထားသင့်တဲ့ ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်းရဲ့ အကြောင်းအရာတချို့ 

 

ဒီစီယူနိုက်တက်ကို ရောက်ရှိခဲ့ပြီးနောက်မှာ ရွန်နီဟာ အသင်းအတွက် စုစုပေါင်း (၁၀)ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်၊ အဲဗာတန် နဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းကြီးဟာ အသင်းအတွက် စုစုပေါင်း (၁၈)ပွဲ ကစားပေးခဲ့အပြီးမှာ ဂိုးဖန်တီးမှု (၇)ကြိမ်ပါ ဖန်တီးထားနိုင်ခဲ့ပါတယ်။

မေဂျာလိဂ်မှာ ရွန်နီက ဆက်တိုက်ခြေစွမ်းပြနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ချီကာဂိုဖိုင်းယားအသင်းနဲ့ ပွဲစဉ်မှာလည်း ဒီစီယူနိုက်တက်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ဂိုးစလုံးကို ရွန်နီ တစ်ဦးတည်းက သွင်းယူပေးခဲ့ပါတယ်။ အဲဒီပွဲ မတိုင်ခင်မှာလည်း Montreal Impact နဲ့ ကစားခဲ့ရာမှာ ရွန်နီက (၂)ဂိုး သွင်းယူခဲ့ပြီး ဒီစီယူနိုက်တက်က ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

 

ဒါကြောင့် ရွန်နီဟာ ဒီစီယူနိုက်တက်အတွက် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၄)ပွဲမှာ သွင်းဂိုး (၅)ဂိုးအထိ ပိုင်ဆိုင်ခဲ့ပြီး မေဂျာလိဂ်ရဲ့ Play off အဆင့်မှာ ဒီစီယူနိုက်တက် ရပ်တည်နိုင်ဖို့ သူ့ရဲ့ သွင်းဂိုးတွေနဲ့ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က