အသင်းလက်မဲ့ဖြစ်နေတဲ့ ကွန်တီကို ဆက်သွယ်ခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းဟာ နိုင်ပွဲပျောက်ဆုံးနေမှုကြောင့် ဖိအားဝင်နေတဲ့ နည်းပြ ဂျူလန်လော့ပတယ်ဂီရဲ့နေရာမှာ အစားထိုးဖို့အတွက် ဂျူဗင်တပ်၊ အီတလီနဲ့ ချယ်ဆီးအသင်းနည်းပြဟောင်း အန်တိုနီယိုကွန်တီကို ဆက်သွယ်ခဲ့တယ်လို့ Corriere dello Sport က ဖော်ပြခဲ့ပါတယ်။



julen-lopetegui_15_970x597.jpeg

Photos: Diario Gol

 

စပိန်လက်ရွေးစင်နည်းပြဟောင်း လော့ပတယ်ဂီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမကျင်းပမီ ၃ ရက်အလိုမှာ ရီးရဲမက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးပြီးနောက် နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့တဲ့ ဇီဒန်းရဲ့နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

လော့ပတယ်ဂီဟာ ရီးရဲမက်ဒရစ်အသင်းကို စတင်ကိုင်တွယ်တဲ့ ပထမဆုံးရာသီအစပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အနိုင်ရလဒ်ရရှိအောင် ရုန်းကန်နေရတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲရှုံးနိမ့်ခဲ့ပြီး သရေရလဒ် ၁ ပွဲသာ ရရှိခဲ့တာဖြစ်ပါတယ်။

Photos: 90min

 

Corriere dello Sport ရဲ့ ရေးသားချက်အရ လော့ပတယ်ဂီဟာ ၎င်းရဲ့နည်းပြရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ၃ ပွဲသာ အချိန်ရှိတော့တယ်လို့ သိရပြီး ဥရောပတလွှားက မီဒီယာတွေဟာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုလိုက်တဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဝေဖန်ရေးသားနေကြပါတယ်။

ယင်းဖြစ်ရပ်တွေဟာ ချယ်ဆီးအသင်းနည်းပြဟောင်း ကွန်တီအတွက် လော့ပတယ်ဂီရဲ့နေရာကို ရယူဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်ဖြစ်နေပြီဖြစ်ပြီး နည်းပြဇီဒန်းထွက်ခွာသွားချိန်ကတည်းက ကွန်တီဟာ ရီးရဲမက်ဒရစ်နည်းပြ ဖလော်ရန်တီနိုပီးရက်ဇ်ရဲ့ နံပါတ် ၁ ဦးစားပေးခေါ်ယူချင်တဲ့နည်းပြဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က