မိုနာကိုအသင်းအတွက် ၄ ဂိုးသွင်းယူပေးထားပါတယ်။

မိုနာကိုအသင်းရဲ့နည်းပြသစ်ဖြစ်တဲ့ သီယာရီအွန်နရီက အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ရာဒါမဲလ်ဖယ်လ်ကာအိုကို အသင်းရဲ့သြဇာရှိခေါင်းဆောင်တစ်ဦးလို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။ ဖယ်လ်ကာအိုဟာ မိုနာကိုအသင်းအတွက် ယခုရာသီမှာ လီဂူးဝမ်းသွင်းဂိုး ၄ ဂိုးအထိ သွင်းယူပေးထားတဲ့တိုက်စစ်မှူးဖြစ်ပါတယ်။

44126079_2167565076639283_385267710436573184_n.jpg

မိုနာကိုအသင်းဟာ ယခုရာသီ လီဂူးဝမ်းမှာ ရုန်းကန်နေရပြီး အဆင့် ၁၈ အထိ ကျဆင်းခဲ့တာကြောင့် လီယိုနာဒိုဂျာဒင်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတဲ့ အွန်နရီက အမှတ်ပေးဇယားထိပ်ပိုင်းနေရာကို ပြန်လည်ရောက်ရှိဖို့ ကြိုးပမ်းသွားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

အွန်နရီက ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူး ဖယ်လ်ကာအိုကို အပြည့်အဝထောက်ခံချီးကျူးခဲ့ပြီး ဖယ်လ်ကာအိုဟာ မိုနာကိုအသင်းအတွက် ပြီးခဲ့တဲ့ ၂ ရာသီက ၅၄ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။

 

"ဖယ်လ်ကာအိုက ကျွန်တော်တို့ရဲ့ ဂိုးသွင်းစက်ပါ။ ကျွန်တော်တို့ရဲ့ သြဇာရှိတဲ့ခေါင်းဆောင်တစ်ဦးပါ။ သူ အသင်းအတွက် ဘာတွေကို ကိုယ်စားပြုပေးခဲ့လဲဆိုတာ အားလုံးသိကြပါတယ်"

"သူ ပြန်လာနိုင်တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ သူ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကစားသမား အားလုံးလည်း ပါပါတယ်။ ကျွန်တော်တို့ စထရက်စ်ဘော့ဂ်နဲ့ပွဲစဉ်မှာရလဒ်ကောင်းတွေ ရရှိအောင် ကြိုးပမ်းသွားမှာပါ"

"အဲဒါက လွယ်ကူမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ သိခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ သူတို့တွေ အနိုင်ရလဒ်ကို မရယူနိုင်ခဲ့ပါဘူး။ စောင့်ကြည့်ရမယ့် ပွဲကောင်းဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"

"အချိန်ကတော့ နည်းပါတယ်။ ပွဲမတိုင်ခင် တစ်ရက်ပဲအချိန်ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေ အလုပ်လုပ်ဖို့လိုပါတယ်။ ဗီဒီယိုရုပ်သံတွေက ဒီလိုနေ့တွေမှာ ကျွန်တော်တို့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က