ဂိုးပေါက်အကြာဆုံးပျောက်နေတာပါ။

ရီးရဲမက်ဒရစ်အသင်းဟာ နောက်ထပ်တစ်ကြိမ် သမိုင်းတစ်ခုရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး ယခုတကြိမ်ကတော့ ကောင်းတဲ့သမိုင်းတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ယမန်နေ့က လီဗန်တေးအသင်းကို အိမ်ကွင်းဘာနေဗျူးမှာ ရှုံးနိမ့်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းဟာ မာဆယ်လိုရဲ့သွင်းဂိုးမတိုင်မီ ၄၈၁ မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။



5bcb2de291428.image.jpg 

သက်တမ်း ၁၁၆ နှစ်ရှိပြီဖြစ်တဲ့ စပိန်လာလီဂါထိပ်သီး ရီးရဲမက်ဒရစ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက်မှာ ၄၈၁ မိနစ်အထိ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး အဆိုးရွားဆုံးဂိုးပေါက်ပျောက်ဆုံးမှုစံချိန်တင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး ၄ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့ လက်ရှိဥရောပချန်ပီယံ ရီးရဲမက်ဒရစ်အသင်းဟာ လီဗန်တေးအသင်းနဲ့ပွဲစဉ် ဒုတိယပိုင်း ၇၂ မိနစ်မှာ မာဆယ်လိုရဲ့သွင်းဂိုးနဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ဆိုးရွားတဲ့စံချိန်သစ်တစ်ခုကို တင်ရှိခဲ့တဲ့အတွက် နည်းပြလော့ပတယ်ဂီဟာ ဖိအားတွေ ပိုမိုများပြားလာခဲ့ပြီဖြစ်ပြီး နိုင်ပွဲ ပြန်လည်ရရှိဖို့အတွက် မဖြစ်မနေလိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဗစ်တိုးရီးယားပလာဇန်အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုုပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ယင်းပွဲစဉ်ကို မဖြစ်မနေအနိုင်ကစားထားမှသာ နောက်လာမယ့် အယ်ကလက်စီကိုပွဲစဉ်အတွက် ယုံကြည်မှုရရှိမှာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၅ နေရာမှာရပ်တည်နေပြီး ၃ ပွဲအထိ ရှုံးနိမ့်ထားပြီးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အယ်ကလက်စီကိုပွဲစဉ်မှာ ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ရီးရဲမက်ဒရစ်အသင်းဟာ လော့ပတယ်ဂီရဲ့နေရာမှာ ချယ်ဆီးနည်းပြဟောင်း ကွန်တီကို အစားထိုးခန့်အပ်သွားဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က