ဂရစ်ဇ်မန်း ပီအက်စ်ဂျီကို ရောက်လာနိုင်ဖွယ်ရှိတဲ့ဆွဲဆောင်မှုက လက်ရွေးစင်ကစားဖော် ဘက်ပေပါ။

ဘရာဇီးတိုက်စစ်မှူးနေမာသာ ဘာစီလိုနာအသင်းကို ပြန်ပြောင်းခဲ့မယ်ဆိုရင် အက်သလက်တီကိုအသင်းက ပြင်သစ်ကွင်းလယ်ကစားသမား ဂရစ်ဇ်မန်းနဲ့ပြန်အစားထိုးဖို့ ပီအက်စ်ဂျီအသင်းက စီစဉ်နေပါတယ်။ ဒီသတင်းကိုတော့ ပြင်သစ်မီဒီယာတွေကနေဖော်ပြနေကြတာပါ။

DiAm0feVQAA1IxV1.jpg

Photo: The Sun

 

လာမယ့်နွေရာသီမှာ တိုက်စစ်မှူး နေမာတစ်ယောက် ပီအက်စ်ဂျီကနေ ဘာစီလိုနာကို ပြန်ပြောင်းတော့မယ်ဆိုတဲ့သတင်းတွေကို ပြင်သစ်နဲ့စပိန်မီဒီယာတွေက အကျယ်တဝင့်ဖော်ပြနေကြပါတယ်။ သတင်းတွေကအတည်ပြုလို့မရသေးပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်နေပါပြီ။ ပီအက်စ်ဂျီအသင်းဟာ တကယ်လို့များ နေမာ ဘာစီလိုနာကို ပြန်ရွှေ့ခဲ့မယ်ဆိုရင် အက်သလက်တီကိုက ပြင်သစ်ကွင်းလယ်ကစားသမား ဂရစ်ဇ်မန်းကိုအစားထိုးခေါ်ယူမယ်လို့ သတင်းထွက်လာပါတယ်။

Photo: The Sun

နည်းပြဘဝ ပထမဆုံးပွဲမှာပဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သီယာရီအွန်နရီ 

အသက် ၂၇နှစ်အရွယ် တိုက်စစ်အားသန်ကွင်းလယ်ကစားသမား ဂရစ်ဇ်မန်း ပီအက်စ်ဂျီကို ရောက်လာနိုင်ဖွယ်ရှိတဲ့ဆွဲဆောင်မှုက လက်ရွေးစင်ကစားဖော် ဘက်ပေပါ။ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ ချုပ်ဆိုထားတဲ့စာချုပ်အရ နေမာကို ပြောင်းရွှေ့ကြေးပေါင် ၁၉၃သန်းနဲ့ ကမ်းလှမ်းရင်ဘာစီလိုနာအသင်းကို ပြန်ပြောင်းခွင့်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်ပါဝင်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီမှာ မပျော်ရွှင်တော့ဘူးဆိုတဲ့သတင်းတွေလည်းထွက်နေပြီး လာမယ့်နွေရာသီမှာ အသင်းပြောင်းဖွယ်ရှိနေပါတယ်။

Photo: The Sun

 

အက်သလက်တီကိုနဲ့စာချုပ်သက်တမ်းတိုးထားတဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းဟာ ပေါင်သန်း ၁၃၀လောက်သုံးရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာက ကမ်းလှမ်းခဲ့ပေမယ့် ဂရစ်ဇ်မန်းကတော့ အက်သလက်တီကိုမှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီကို ဂရစ်ဇ်မန်းရောက်လာဖို့ဆိုတာ နေမာရဲ့အပြောင်းအရွှေ့အပေါ်မူတည်နေပါတယ်။

Share

Loading Next Article...
က္က