အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ယမန်နေ့ညက ရှက်တာဒိုးနတ်အသင်းရဲ့အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ အသင်းသားတွေရဲ့စွမ်းဆောင်ရည်ဟာ ထူးချွန်လွန်းတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ရှက်တာဒိုးနတ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အုပ်စု F ရဲ့ ပထမနေရာမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

gettyimages-1052844986.jpg

Photos: Metro

မန်ချက်စတာစီးတီးအသင်းဟာ ပွဲစတင်ချိန်ကတည်းက အိမ်ရှင် ရှက်တာဒိုးနတ်အသင်းကို ခြေစွမ်းအသာစီးရယူပြီး ဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအတွက် ဂိုးတွေကို မိနစ် ၃၀ မှာ ဒေးဗစ်ဆေးလ်ဗား၊ ၃၅ မိနစ်မှာ လာပို့တ်၊ ၇၁ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

မန်ချက်စတာစီးတီးအသင်းဟာ ပထမပိုင်းမှာတင် ဂိုးကန်သွင်းမှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဒုတိယပိုင်းပြီးဆုံးဖို့ မိနစ်အနည်းငယ်အလိုမှာ စတားလင်းရဲ့ဂိုးကန်သွင်းချက်ဟာ တိုင်ထိသွားခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

Photos: Daily Mail

 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာက အထင်ကြီးလေးစားဖွယ်ခြေစွမ်းနဲ့ အနိုင်ယူပြခဲ့တဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဟန်မဆောင်နိုင်ဘဲ ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။

"ဥရောပမှာဆိုရင် ၃ ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်ဟာ ထူးခြားထင်ရှားလွန်းပါတယ်"

"ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူတို့ တော်တော်လေးပြန် ဖိအားပေးနိုင်ခဲ့ပြီး နည်းနည်းရှုပ်ထွေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးပြန်ရတဲ့အချိန်မှာ ပြေးလွှားနိုင်ခဲ့ပါတယ်"

"အရမ်းကို အံ့အားသင့်စာကောင်းတဲ့ ရလဒ်ပါ။ အခု ကျွန်တော်တို့ ဒီပွဲရလဒ်က လိုင်ယွန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကို ပြန်လည်ကုစားပေးနိုင်ပြီး ဟော့ဖန်ဟိမ်းနဲ့ပွဲစဉ်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်"

"တကယ်လို့ ကျွန်တော်တို့ နောက်ပွဲကို အနိုင်ရအောင် ကစားနိုင်မယ်ဆိုရင် ရှက်တာဒိုးနတ် အုပ်စုကနေ ပြုတ်ပါပြီ။ လိုင်ယွန်ကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ကျွန်တော်တို့ ဖိအားတွေအောက်ရောက်ခဲ့ရတယ်။ ကျွန်တော့်အသင်းရဲ့ စွမ်းဆောင်ရည်ကို အရမ်းကျေနပ်မိပါတယ်"

"ကျွန်တော်တို့ ၃ ရာသီကြာ အတူရှိခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ပိုပြီးကောင်းကောင်းသိလာပါပြီ။ အဲဒါက ပုံမှန်ပါပဲ။ ခင်ဗျားတို့ ၃ ရာသီကြာအတူတူရှိနေတာက ပထမရာသီထက် ပိုပြီးကောင်းမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က