တနင်္လာနေ့မှာ ထုတ်ပယ်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ နည်းပြ လော့ပ်တယ်ဂီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ တရားဝင်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို (၅-၁)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးတဲ့နောက်မှာ လော့ပ်တယ်ဂီကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး အသင်းကို ယာယီနည်းပြအဖြစ် ကစားသမားဟောင်း ဆိုလာရီက တာဝန်ယူကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

Photo : Sportlineng.com

 

အသက် (၅၂)အရွယ် လော့ပ်တယ်ဂီဟာ ဇွန်လမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ရီးရဲလ်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး စပိန်အသင်းနည်းပြရာထူးကနေတောင် နှုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးပွဲမှာ ဒါဘီပြိုင်ဘက် အက်သလက်တီကိုအသင်းကို ဥရောပစူပါဖလားပွဲမှာ (၄-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လော့ပ်တယ်ဂီဟာ ရီးရဲလ်ကို (၁၄)ပွဲသာ ကိုင်တွယ်ခဲ့ရပြီး (၆)ပွဲနိုင်၊ (၂)ပွဲသရေ နဲ့ (၆)ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

"ဗီချိုင်းက ကျွန်တော့် ဖခင်တစ်ယောက်လိုပါပဲ၊ ခုဆို ညဘက်တွေ အိပ်မရတော့ဘူး" - မာရက်ဇ် 

Photo : ESPN

 

အသင်းရဲ့ ယာယီနည်းပြအဖြစ် ရီးရဲလ်လူငယ်အသင်းရဲ့ နည်းပြ ဆန်တီယာဂိုဆိုလာရီက ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ကလပ်အသင်းက ကြေငြာခဲ့ပါတယ်။ "အောက်တိုဘာလ (၂၉)ရက်နေ့မှာ ရီးရဲလ်အသင်းဘုတ်အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ပြီး နည်းပြလော့ပ်တယ်ဂီရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ သဘောတူညီခဲ့ကြပါတယ်၊ ဒီဆုံးဖြတ်ချက်ဟာ အသင်းရဲ့ ပုံစံအမှန်ကို ပြန်လည်ရှာဖွေပေးနိုင်မယ့် အလှည့်အပြောင်းတစ်ခုလည်း ဖြစ်ပါတယ်၊ ဘုတ်အဖွဲ့ဟာ အသင်းက ကစားသမားတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ကောင်းကောင်းနားလည်ထားကြပါတယ်"

Photo : Managing Madrid

 

"ကစားသမား (၈)ယောက်ဟာ ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နေခဲ့တာပါ၊ အသင်းအတွက် အားထုတ်ပေးခဲ့တဲ့ လော့ပ်တယ်ဂီနဲ့ သူ့ရဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်၊ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာလည်း ကောင်းမွန်ခြင်းတွေနဲ့ ပြည့့်စုံပါစေလို့ အသင်းက ဆုတောင်းပေးပါတယ်" လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားခဲ့ပါတယ်။

နည်းပြရာထူးက ဖယ်ရှားခံလိုက်ရတဲ့ လော့ပ်တယ်ဂီကလည်း "ဘုတ်အဖွဲ့ဒါရိုက်တာတွေက ဒီနေ့မှာ ဆုံးဖြတ်ခဲ့ကြပါတယ်၊ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့အတွက် အသင်းကို ကျေးဇူးအများကြီးတင်ပါတယ်၊ ကစားသမားတွေရဲ့ အားထုတ်မှုနဲ့ အလုပ်ကြိုးစားမှုတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ အသင်းမှာရှိတဲ့ လူတိုင်းတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒီကလပ်မှာ ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ အချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ" လို့ လော့ပ်တယ်ဂီက ပြောခဲ့ပါတယ်။

လော့ပ်တယ်ဂီဟာ ရီးရဲလ်နည်းပြဘဝမှာ ဆီဗီလာကို ၃-ဝ၊ စီအက်စ်ကေအေကို ၁-ဝ၊ လီဗန်တေးကို ၂-၁၊ ဘာစီလိုနာကို ၅-၁၊ အလာဗက်စ်ကို ၁-၀ တို့နဲ့ ရှုံးနိမ့်ခဲ့ပြီး စုစုပေါင်း (၆)ပွဲအထိ အရေးနိမ့်ခဲ့တာပါ။ ဒါ့အပြင် အသင်းဟာလည်း ဂိုးမိုးခေါင်မှု စံချိန်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး တိုက်စစ်ပိုင်း အားနည်းမှုကြောင့် အပြင်းထန်ဆုံးဝေဖန်ခံခဲ့ရပါတယ်။

Share

Loading Next Article...
က္က