(၈၆)မိနစ်မှာ သွင်းယူခဲ့တာပါ။

ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် အရေးပါတဲ့ ချေပဂိုးကို ဖရီးကစ်ကတဆင့် လှလှပပ သွင်းယူပေးခဲ့တဲ့ ဟွမ်မာတာက သူ့အနေနဲ့ ဖရီးကစ်ကန်သွင်းချိန်မှာ ဘယ်လိုခံစားခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပွဲပြီးဆုံးဖို့အတွက် (၅)မိနစ်သာ ကျန်ရှိနေတာ့တဲ့ အချိန်မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး မန်ယူက အနိုင်ရရှိသွားခဲ့ပါတယ်။

Photo : manutd.com

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် မာတာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ဖရီးကစ်ကို ကန်သွင်းခွင့်ပေးဖို့ အက်ရှ်လေယန်းကို ကျွန်တော် ပြောခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ လူတံတိုင်းကို ကျော်ပြီး ကန်သွင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်နေခဲ့ပါတယ်၊ အဲဒီအချိန်မှာ ဂိုးရအောင် သွင်းနိုင်မယ်လို့လည်း ကျွန်တော့်မှာ ယုံကြည်ချက်ရှိပါတယ်" လို့ မာတာက ပြောပါတယ်။

Photo : manutd.com

"အဲဒီအချိန်က ဂိုးသမားအတွက် အရမ်းခက်ခဲပါတယ်၊ လူတံတိုင်းကာရံထားတဲ့အတွက် သူ ဘောလုံးကို ကောင်းကောင်းမမြင်နိုင်ပါဘူး၊ ဒီလို ကန်သွင်းနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာပါ၊ လက်တွေ့လေ့ကျင့်ခဲ့ရတာပါ၊ တစ်ဖက်တစ်ဂိုးစီ သရေကျဖို့ အရေးပါတဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်၊ အဲဒီနောက်မှာ ၁-၂ ဖြစ်သွားပါတယ်"

ချန်ပီယံလိဂ်မှာ မန်ယူကို ရှုံးခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့ ရော်နယ်ဒို 

"ကျွန်တော့်ရဲ့ သွင်းဂိုးတွေထဲက အကောင်းဆုံးသွင်းဂိုးတစ်ဂိုးလည်း ဖြစ်ပါတယ်၊ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲကနေ ပြန်လာနိုင်ခဲ့ပါတယ်၊ အရမ်းကောင်းတဲ့ အသင်းတစ်သင်းကို ဖိအားတွေအများကြီးနဲ့ ကစားခဲ့ရလို့ တကယ်ခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့် အန္တရာယ်ပေးနိုင်တဲ့ ဖရီးကစ် နှစ်လုံးကနေ ကျွန်တော်တို့ ဂိုးတွေရခဲ့ပြီး နောက်ဆုံး (၅)မိနစ်အတွင်းမှာ လုပ်နိုင်ခဲ့တာပါ" လို့ မာတာက ပြောသွားခဲ့ပါတယ်။

Photo : manutd.com

 

မာတာကတော့ ကစားသမားဘဝမှာ အလွတ်တည်ကန်ဘောတွေက ဂိုးအများအပြား သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း အသင်းရရှိတဲ့ ဖရီးကစ်၊ ထောင့်ကန်ဘောတွေကို မာတာကပဲ တာဝန်ယူပြီး ကန်သွင်းပေးနေတာဖြစ်ပြီး ဖရီးကစ်စပါယ်ရှယ်လစ်လို့လည်း အားလုံးက သတ်မှတ်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က