မစွမ်းဆောင်နိုင်တော့တဲ့ နောက်ဆုံးအချိန်မှာ အခွင့်အရေးတွေလည်း လက်လွှတ်ခဲ့ရပါပြီ။

မန်ယူမှာ ကစားခဲ့တဲ့ နောက်ဆုံးအချိန်တွေမှာ စွမ်းဆောင်မှု ကျလာခဲ့တာကြောင့် အခွင့်အရေး အချို့လည်း လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အရှက်ရ ဖွယ်ကောင်းခဲ့ပါတယ်လို့ ဝိန်းရွန်နီက ပြောခဲ့တာပါ။

Photo - Getty Images

 

အင်္ဂလန်အသင်းနဲ့အတူ နှုတ်ဆက်ပွဲ လာရောက်ကစားခဲ့တဲ့ မန်ယူကစားသမားဟောင်း ဝိန်းရွန်နီရဲ့ ပြောစကားကတော့ မန်ယူ ပရိသတ်တွေ အကြား အတော်လေး စိတ်မကောင်းစရာ ဖြစ်ခဲ့ရပါတယ်။

ကိန်းက မိမိစံချိန်ကို ချိုးဖျက်မယ့်သူလို့ ဝိန်းရွန်နီ ထုတ်ဖော်ပြော 

ဝိန်းရွန်နီက - " မန်ယူမှာ ကစားခဲ့တဲ့ နောက်ဆုံးအချိန်တစ်ချိန်က ကျွန်တော့်အတွက် အတော်လေး အရှက်ရဖို့ ကောင်းခဲ့ပါတယ်။အကြောင်းက တော့ အခွင့်အရေးတွေ ဘာမှ မရခဲ့ပါဘူး။" လို့ မနေ့က ခြေစမ်းပွဲမတိုင်ခင်မှာ ပြောခဲ့ပါတယ်။

Photo - The National

 

ရွန်နီက အင်္ဂလန်အသင်သာမက မန်ယူအသင်းမှာပါ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂၀၁၆-၁၇ ဘောလုံးရာသီမှာဆိုရင် စုစုပေါင်း ၆၄ ပွဲကစားပြီး ၃၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မနှစ်ကတော့ အသင်းဟောင်း အဲဗာတန်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး အဲ့နောက်မှာတော့ အမေရိကန်ကလပ် DC ယူနိုက်တက်အသင်းမှာ အခုလက်ရှိ ကစားနေပါတယ်။

Photo - Evening Standard

 

"ကျွန်တော့်ရဲ့ အရှက်အရဆုံး အချိန်တွေကတော့ ယူရိုပါလိဂ် ဆုဖလားရရှိချိန်နဲ့ ဆောက်သမ်တန်နဲ့ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲစဉ်တွေ ဖြစ်ပါ တယ်။ဘာလို့လဲဆိုတော့ ကျွန်တော် ဒီအချိန်တွေကို ပြန်ပြီး မထိန်းသိမ်းနိုင်တော့ဘူးလေ၊ကျွန်တော်အသင်းကနေ ထွက်ရတော့မယ်ဆိုတာ သိခဲ့ ရတယ်လေ။ဆောက်သမ်တန်နဲ့ပွဲမှာဆိုရင်လည်း ဂျို့စ်က ကျွန်တော့်ကို ငါမင်းကို ဆုဖလားနဲ့အတူ မြင်ချင်တယ်လို့ လာပြောတယ်၊ဒါပေမယ့် အဲ့ အချိန်မှာ ကျွန်တော် ကွင်းအတွင်း အပြည်အ၀ မစွမ်းဆောင်နိုင်တော့ဘူး။သူကျွန်တော့ကို မရမက တိုက်တွန်းတယ်၊ကျွန်တော် ဘယ်လိုမှ မစွမ်း ဆောင်နိုင်တော့ဘူး၊ကျွန်တော် တစ်နေရာရာကို ထွက်သွားဖို့ အချိန်တန်ခဲ့ပြီလေ။" လို့ ဝိန်းရွန်နီက ပြောခဲ့ပါတယ်။

ဝိန်းရွန်နီအနေနဲ့ မန်ယူအသင်းက အေဂျက်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့စဉ်က ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်မရခဲ့ပဲ အရံ ကစား သမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က