မိုဒရစ်က ဖီဖာနဲ့ ဥရောပ အကောင်းဆုံးဆုတွေကို သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။

လူကာမိုဒရစ်က ဖီဖာကပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံးဆုနဲ့ ဥရောပ တစ်နှစ်တာ အကောင်းဆုံး ဆုတွေကို ရော်နယ်ဒို၊မက်ဆီတို့ကို ကျော်လွန်ပြီး ၁၀ နှစ်အလွန်မှာ ပထမဆုံးရရှိတဲ့ ကစားသမားဖြစ်လာခဲ့တာပါ။ အခုလည်း ပြင်သစ် မဂ္ဂဇင်းက ပေးအပ်မယ့် ဘလွန်းဒီအောဆု မှာလည်း ထပ်မံ ရရှိဖို့ ရေပန်းစားနေပါတယ်။

Photo - Luka Modric's twitter

 

ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား လူကာမိုဒစ်ရစ်က ဒီနှစ်မှာ ဘလွန်းဒီအောဆုကို မရခဲ့ဘူးဆိုရင်လည်း အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပြီ လို့ ထုတ်ဖော်ပြောလာပါတယ်။

ကိန်းက မိမိစံချိန်ကို ချိုးဖျက်မယ့်သူလို့ ဝိန်းရွန်နီ ထုတ်ဖော်ပြော 

မိုဒရစ်အနေနဲ့ ဘလွန်းဒီအောကို ရဖို့ ရေပန်းစားနေတဲ့ ဆန်ကာတင်စာရင်းမှာလည်း ထိပ်ဆုံးက ရေပန်းစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုကို ကျော်ဖြတ်ပြီးရခြင်း မရခြင်းက ကစားသမား ဘ၀ အကောင်းဆုံး နှစ်တစ်နှစ်ကို အထိအခိုက် မရှိတော့ဘူးလို့ ဆိုလာတာပါ။

Photo - Luka Modric's twitter

 

နောက်ဆုံး ၁၀ နှစ်မှာ ဒီဘလွန်းဒီအောဆုကို ရော်နယ်ဒိုနဲ့ မက်ဆီက ၅ ကြိမ် စီ ရယူထားတာ ဖြစ်ပြီး ဒီနှစ်မှာတော့ ဒီနှစ်ယောက်ကို ကျော်လွန် ပြီး မိုဒရစ်က ရေပန်းစားနေတာပါ။

" ကျွန်တော်တို့ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ဒီအတွက် တိုက်ခိုက်ရတာ ကျွန်တာ် ကြိုက်ပါတယ်။ကျွန်တော်သာ အကောင်းဆုံးဆု ထပ်ရမယ်ဆိုရင်လည်း ဘာမှ ပြောင်းလဲလာစရာ မရှိပါဘူး။ အခြားတစ်ဖက်မှာလည်း ရခြင်းမရခြင်းက ဒီနှစ်က ကျွန်တော့် ကစားသမားဘဝမှာ အအောင်မြင်ဆုံးနှစ်ဆိုတာကို ပြောင်းလဲနိုင်တော့မှာ မဟုတ်ပါဘူး။" လို့ မိုဒရစ်က စပိန်ကို နိုင်တဲ့ နေးရှင်းလိဂ်ပွဲအပြီးမှာ ပြောသွားပါတယ်။

Photo - Luka Modric's twitter

 

မိုဒရစ်အနေနဲ့ အခုလို ရေပန်းစားနေရခြင်းကလည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို အကောင်းဆုံး မောင်းနှင်ပြီး ဗိုလ်လုပွဲ ထိ ခေါ်ဆောင်နိုင်ခဲ့ခြင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိခြင်း၊ရီးရဲနဲ့အတူ ၃ ကြိမ်ဆက် ချန်ပီယံလိဂ် ဆုဖလား စံချိန်တင် ရရှိခြင်းတို့ကြောင့် ပါဝင်ပါတယ်။

Share

Loading Next Article...
က္က